သြဂုတ်လမှာထွက်ရှိမယ့် Annabelle 2 Movie Review

     ဒီတစ်ခါမှာတော့ မကြာခင်မှာရုံတင်တော့မယ့် Annabelle 2 ရုပ်ရှင်ဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ်...။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ David F.Sandberg ရိုက်ကူးတာဖြစ်ပြီး...၊ ဇာတ်ညွှန်းရေးသားသူကတော့ Gary Dauberman ရေးသားထားတာဖြစ်ပြီးတော့ ဒီဇာတ်လမ်းထဲမှာ Stephanie Sigman, Anthony Lapaglia, Muranda  Otto တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်...။ လာမယ့် သြဂုတ်လမှာရုံတင်မယ်လို့သိရပါတယ်…။ ဒီ Trailer အသစ်မှာ ပရိတ်သတ်တွေကို သတိပေးလိုက်တာတစ်ခုကတော့ အရင် Annabelle တုန်းက အရုပ်မလေးပြန်လာပြီ ဆိုတာပါပဲ…။

     Annabelle 2 မှာ ဖန်တီးထားတဲ့  ဇာတ်ကွက်တွေက အရင် Annabelle ကထက်ပိုပြီးတော့ ထိတ်လန့်စရာကောင်းနေမှာပါ…။ ၂မိနစ်ကျော်လောက်ပဲရှိတဲ့ Annabelle 2 Trailer မှာတောင် ကြည့်လိုက်တာနဲ့ စိတ်ဝင်စားစရာကောင်းပြီး ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေပါတယ်...။

      ဒီဇာတ်လမ်းထဲမှာ စုံတွဲတစ်တွဲရဲ့ သမီးကကားတိုက်ပြီးသေဆုံးသွားခဲ့ပါတယ်…။ ဒီစုံတွဲက သေဆုံးသွားတဲ့သူတို့ရဲ့သမီးလေးကို ပြန်မြင်ရဖို့ဆုတောင်းခဲ့ကြတာပါ…။  သူတို့သမီးလေးက အရုပ်ထဲကိုဝိညာဉ်အဖြစ်နဲ့ ဝင်နေခဲ့ပါတယ်…။ ဒါပေမယ့်သူတို့သတိထားမိသွားတာက အရုပ်ထဲမှာဝင်နေတာ သူတို့သမီးလေးမဟုတ်ဘူးဆိုတာပါပဲ…။ ဒီတော့ သူတို့အရုပ်ကိုထားခဲ့ပြီး ပြောင်းသွားခဲ့ပါတယ်…။ နောက်ထပ်ဒီအိမ်ကိုရောက်လာတဲ့ ကောင်မလေးကို အရုပ်ရဲ့ဝိညာဉ်က စာတိုလေးတွေပေးပြီးလိုက်ရှာခိုင်းခဲ့ပါတယ်…။ ကောင်မလေးက ဝိညာဉ်ဝင်နေတဲ့အရုပ်ကို တွေ့သွားတဲ့အခါမှာတော့  ဘာတွေဆက်ဖြစ်မလဲ? သြဂုတ်လမှာ ရုပ်ရှင်ရုံက ပိတ်ကားတွေပေါ်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်နော်...။