မိုးရာသီမှာစားသင့်တဲ့ အကောင်းဆုံးအသီး (၉) မျိုး

မိုးရာသီလည်းရောက်ပြီဆိုတော့ မိုးရာသီမှာအဖြစ်များတဲ့ ကူးစက်ရောဂါတွေမဖြစ်အောင်၊ ကိုယ်ခံစွမ်းအားတွေကောင်းအောင် မိုးရာသီမှာစားသုံးသင့်တဲ့ အသီးဆိုပြီးရှိပါတယ်...။
အခု အဲ့အသီးတွေထဲကမှ အကောင်းဆုံးအသီး (၉) မျိုးရဲ့အကြာင်းကိုပြောပြပေးပါမယ်....။

(၁) လိုက်ချီးသီး

လိုက်ချီးသီးမှာက ဗီတာမင် စီ တွေများစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ခုခံအားကို ပြန်လည်တည်ဆောက်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပိုပြီးသန်မာစေတယ်....။ နောက်ပြီး Antioxidants ပါဝင်တာဖြစ်လို့ ဝိတ်ကျဖို့အတွက်လည်း အကူအညီပေးတယ်....။

(၂) ဇီးသီး

ဇီးသီးစားပေးခြင်းက ကိုယ်ခံစွမ်းအားစနစ်ကိုတိုးတက်လာစေပြီး တုပ်ကွေးနဲ့အအေးမိခြင်းတို့လို ခန္ဓာကိုယ်ကို ရောဂါကူးစက်မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးတယ်....။

(၃) ချယ်ရီသီး

ချယ်ရီသီးကလည်း ရောဂါကူးစက်မှုတွေကို တိုက်ဖျက်ပေးနိုင်တယ်....။ Antioxidants ပါဝင်တဲ့အတွက် ဦးနှောက်ကိုကြည်လင်စေတယ်...။

(၄) မက်မွန်သီး

မက်မွန်သီးက ကယ်လိုရီကိုလျော့ကျစေပြီး အမျှင်ဓာတ်ကို မြင့်တက်စေတယ်...။ ဒါကြောင့်ဝိတ်ကျဖို့အတွက်လည်း အကူအညီပေးနိုင်တယ်...။ နောက်ပြီး ဗီတာမင် စီ များစွာပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေတယ်...။

(၅) ပန်းသီး

ပန်းသီးကတော့ ထွေထွေထူးထူးပြောနေစရာတောင်မလိုပါဘူး...။ သူက ဖျားနာခြင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်....။

(၆) ငှက်ပျောသီး

ငှက်ပျောသီးမှာက vitamins နဲ့ minerals ဓာတ်တွေများစွာပါဝင်ပါတယ်...။ ဒါ့အပြင် အစာကြေစနစ်ကိုလည်း ကောင်းမွန်စေတယ်...။

(၇) သစ်တော်သီး

မိုးရာသီမှာဖြစ်လေ့ရှိတဲ့ ကူးစက်ရောဂါတွေကိုတိုက်ထုတ်ဖို့ ဗီတာမင်ဓာတ်ကလိုကိုလိုအပ်တယ်....။ သစ်တော်သီးမှာက ဗီတာမင်ဓာတ်တွေများစွာပါဝင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်...။

(၈) သင်္ဘောသီး

သင်္ဘောသီးမှာက ဗီတာမင် စီ တွေအများကြီးပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ဖို့အတွက်ကူညီပေးတယ်...။ နောက်ပြီး ဖျားနာခြင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးတယ်... အမျှင်ဓာတ်ပါဝင်လို့ အစာကြေစနစ်ကိုလည်း ကောင်းမွန်စေတယ်...။

(၉) သလဲသီး

သလဲသီးမှာလည်း nutrients ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကိုပိုပြီးကောင်းစေပါတယ်...။