ကျန်းမာရေးနဲ့ညီညွတ်ပြီးကောင်းမွန်တဲ့ဆော့စ် (၂) မျိုးပြုလုပ်နည်းအဆင့်ဆင့်

သင့်မိသားစုအတွက်သင်ကိုယ်တိုင် ကျန်းမာရေးတဲ့ညီညွတ်ပြီးကောင်းမွန်တဲ့ဆော့စ်တစ်ခွက်ကို ဖန်တီးတတ်ဖို့လိုပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီးကောင်းမွန်တဲ့ဆော့စ် (၂) မျိုးပြုလုပ်နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

၁။ ခရမ်းချဉ်သီးပူစီနံဆော့စ်

ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဆီ - စားပွဲတင်ဇွန်း (၁) ဇွန်း၊ လှီးထားတဲ့ ကြက်သွန်နီ - (၁) လုံး၊ လှီးထားတဲ့တရုတ်နံနံ အကြီးစား - (၁) ခု၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ - (၃) တက်နဲ့ ဆား - အနည်းငယ်၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်တို့ကို ရောမွှေပါ။

ပြီးရင်တော့ ခရမ်းချဉ်သီးအနှစ် - စားပွဲတင်ဇွန်း (၂) ဇွန်း၊ပူစီနံ - ခွက်ရဲ့လေးပုံပုံ တစ်ပုံစာထည့်ပြီး ကြိတ်ချေထားတဲ့ ခရမ်းချဉ်သီး - (၂) ဘူးစာတို့ကို ထည့်မွှေပါ။ Veggie စွတ်ပြုတ် - ခွက် (၆) ခွက်စာနဲ့ မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်းတစ်ဝက်စာကိုလည်းထည့်ပြီး မွှေပေးပါ။

အပေါ်ကနေ စမုန်ဖြူလေးထည့်မွှေပြီး အဖုံးပိတ်ကာ (၁၅) မိနစ်လောက်ထားပါ။ အချိန်ပြည့်ရင် စမုန်ဖြူကိုထုတ်ပြီး ထပ်မွှေပါ။ ပြီးတာနဲ့ ပျစ်သွားအောင် blander ကိုအသုံးပြုပြီး မွှေပေးရပါမယ်။

မွှေပြီးပြီဆိုရင်တော့ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ကောင်းမွန်တဲ့ ခရမ်းချဉ်သီးပူစီနံဆော့စ်ကို ရရှိပါပြီ။

၂။ အာလူးထောပတ်ဆော့စ်

ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ထောပတ် - လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ လှီးထားတဲ့ကြက်သွန်မြိတ် - (၃) ခုကိုထည့်ကာ ရောမွှေပြီး အဖုံးပိတ်ကာ (၈) မိနစ်လောက်ထားပေးပါ။ ပြီးရင်တော့ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ (၃) တက်၊ လှီးထားတဲ့အာလူး - ပန်းကန်လုံးအကြီး (၁) လုံးစာနဲ့ ဆား - အနည်းငယ်၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်တို့ကို ရောမွှေပါ။

ပြီးရင် Veggie စွတ်ပြုတ် - ခွက် (၆) ခွက်စာနဲ့ ရေ - (၂) ခွက်ထည့်ပါ။ အပေါ်ကနေ စမုန်ဖြူနဲ့ လေးညှင်းပွင့်ကိုထည့်မွှေပြီး (၁၅) မိနစ်လောက် အဖုံးအုပ်ထားပါ။

အချိန်ပြည့်ရင်တော့ ထည့်ထားတဲ့ စမုန်ဖြူနဲ့ လေးညှင်းပွင့်ကိုထုတ်ပြီး ဇွန်းနဲ့ခဏမွှေပါ။ ပြီးရင်တော့ ခုနကလိုပဲ ပျစ်ပြီး ကြေညက်သွားအောင် blander နဲ့ မွှေပေးရပါမယ်။ ပျစ်သွားပြီဆိုရင်တော့ လှီးထားတဲ့ကြက်သွန်မြိတ် အနည်းငယ်နဲ့ Hot Sauce အနည်းငယ်တို့ကို ထည့်ပြီး ဇွန်းနဲ့မွှေပါ။

မွှေပြီးရင်တော့ နောက်ထပ် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကောင်းမွန်တဲ့ အာလူးထောပတ်ဆော့စ်ကို ရရှိပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။