Tom and Jerry နဲ့အပြိုင် နေရာယူလာတဲ့ ကာတွန်း (၃)ခု

တစ်ချိန်တုန်းကတော့ Tom and Jerry ကာတွန်းကားလေးဟာ ကလေးတွေပါမက လူကြီးတွေပါ ကြိုက်နှစ်သက်ကြပြီး လူကြိုက်အများဆုံး ကာတွန်းကားအဖြစ်လည်း အသိအမှတ်ပြုခြင်းခံရပါတယ်။ Tom and Jerry ကာတွန်းကားလေးဟာ ဇာတ်လမ်း အတိုလေးတွေမှာ စကားပြောမပါဘဲ အသက်ဝင်အောင်ရိုက်နိုင် ပြီး ကလေးရောလူကြီးပါ ကြည့်ချင်အောင်ဆွဲဆောင်နိုင်တဲ့ကာတွန်းလေးဆိုလည်း မမှားပါဘူး။

အခုအခါမှာတော့ Tom and Jerry လိုမျိုး ရိုက်နိုင်တဲ့ ကာတွန်းကားလေး သုံးမျိုးလည်းရှိနေပါပြီ။ အဲဒီ ကာတွန်းကားလေးတွေကလည်း လတ်တလောတွင် ကလေးများနှင့်လူငယ်များကြားတွင်ခေတ်စားနေပါပြီ။ ကာတွန်းဇာတ်အိမ်လေးတွေက ပေါတောတော ပုံစံဖြစ်နေပေမယ့်လို့ တကယ်တမ်းကြည့်လိုက်ရင်တော့ အဓိပ္ပါယ်ရှိရှိလေးတွေနဲ့ ရီစရာလေးတွေဖြစ်နေတာကို ကြည့်ဖူးတဲ့ပရိသတ်တွေသာ အသိဆုံးပါပဲ။ ကာတွန်းကားသုံးကားလုံးကို Sky Net တွင်ခဏခဏပြသနေတာကြောင့် အချို့ Sky Net တပ်ထားတဲ့အိမ်တွေမှာဆိုရင်ကလေးတွေနဲ့လူကြီးတွေ TV လုကြည့်နေရတယ်လို့လည်းပြောသံတွေကြားပါတယ်။ ကဲဒီတော့ ဘယ်လို ကာတွန်းကားတွေက Tom and Jerry ကိုမှီလာပြီလည်းဆိုတာ ကြည့်လိုက်ကြရအောင်နော်။

1. Rabbids onvasion

အဲဒီကာတွန်းကားလေးကို အာပါးပါးဘာ ဆိုပြီးလို့ လူသိများကြပါတယ်။ ယုန်လေးတွေ အဓိကပါဝင်ပြီးသရုပ်ဆောင်ထားတဲ့ ကာတွန်း ဇာတ်ကောင်လည်းဖြစ်ပါတယ်။ မျက်စိပြူးပြူး သွားကျိုးနေတဲ့ယုန်လေးတွေရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ကာတွန်းကားကိုကြည့်ပြီးတွေ့မြင်ရမှာဖြစ်ပါတယ်။

2. Oggy

Oggy ကာတွန်းကားလေးကို တချိန်တုန်းက မြဝတီ ရုပ်မြင်သံကြားမှာ နေ့လည် ၁၂နာရီခွဲအချိန်တွင်ပြသခဲ့ဖူးပါတယ်။ အခုကတော့ Sky Net မှာပြသနေတာပါ။ Oggy ဇာတ်ကားရဲ့ဇာတ်အိမ်လေးမှာ အဓိက ပါဝင်တဲ့သူကတော့ Oggy နဲ့ ပိုးဟပ်သုံးကောင်ပဲဖြစ်ပါတယ်။ အမြဲတမ်းမတည့် ရန်တွေဖြစ်အနိုင်ကျင့်တဲ့ပုံစံလေးတွေကို ချစ်စရာကောင်းအောင်ရိုက်ကူးပုံဖော်ထားတဲ့ ကာတွန်းဇာတ်ကောင်လေးလဲဖြစ်ပါတယ်။

3. Mr.Bean

Mr.Bean ကတော့ အားလုံးသိပြီးသား ကမ္ဘာကျော် ဟာသသရုပ်ဆောင်မင်းသားကြီးဖြစ်ပါတယ်။ Mr.Bean ကာတွန်းကတော့ ထုံးစံအတိုင်း Mr.Beanရဲ့ ပုံစံတွေကို ဟာသမြောက်အောင် ရိုက်ကူးထားတဲ့ ကာတွန်းလေးလည်းဖြစ်ပါတယ်။

အခုပြောလိုက်တဲ့ ကာတွန်းကားသုံးခုက ကလေးတွေအရမ်းကြိုက်တဲ့ ကာတွန်းလေးတွေပဲဖြစ်ပါတယ်။ ကလေးထိန်းရခက်တဲ့ မိခင်တွေအနေနဲ့ အဲဒီကာတွန်းကားလေးတွေကို ကလေးတွေပြပြီး အနားယူနိုင်ပါတယ်နော်။