Instagram မှာခေတ်စားနေတဲ့ Macaron Ice Cream Sandwich …။

     ဒီတစ်ခါမှာပြောပြမှာကတော့ Instagram မှာခေတ်စားနေတဲ့ Ice-Cream အကြောင်းပဲဖြစ်ပါတယ်…။ Los Angeles မှာရှိတဲ့ Milk လို့အမည်ရတဲ့ ရေခဲမုန့်ဆိုင်လေးဟာဆိုရင် ဆန်းသစ်တဲ့ပုံစံလေးတွေနဲ့ လူတွေကိုဆွဲဆောင်ထားပါတယ်…။

     ဒီဆိုင်လေးမှာရောင်းအားကောင်းပြီး၊ Instagram မှာလည်းနာမည်ကြီးနေတာကတော့ Macaron Ice Cream Sandwich လေးပဲဖြစ်ပါတယ်…။ Macaron ထဲမှာ Ice-Cream ညှပ်ထားပြီး ချောကလက်ထဲကို တစ်ဝက်နစ်ပြီး၊ rainbow sprinkles, chocolate chips, Fruity Pebbles စတာတွေကို ဖြူးပေးလိုက်ပါတယ်…။

     အရောင်လေးတွေကလည်းလှပြီးတော့ ချစ်ဖို့ကောင်းနေပါတယ်…။ အရသာလည်းရှိမယ့်ပုံပါပဲ…။

     ဒါကတော့ Instagram မှာတင်ထားတဲ့ပုံလေးပါ…။Ice cream က နို့တွေများလို့ပျစ်ပျစ်နှစ်နှစ်ရှိလှပြီး Macaron အရသာကလည်း ကောင်းလွန်းလှပါတယ်။ ဒီနှစ်မျိုးပေါင်းစပ်ထားတဲ့ Macron Ice Cream Sandwich အရသာကြောင့် နောက်တစ်ခေါက်ထပ်လာပြီး စားကြတဲ့အထိပါဘဲလို့ပြောကြပါတယ်။

     MILK ဆိုင်ရှေ့မှာ ရိုက်ထားတဲ့ ပုံလေးပဲဖြစ်ပါတယ်…။ဈေးတွေကတော့ တစ်ခုကို $6 ရှိတယ်လို့သိရှိရပါတယ်။

     ဒီလိုလေးတွေလည်း ရောင်စုံရနိုင်ပါတယ်…။

     Los Angeles မှာရှိတဲ့ The Milk Shop ဆိုင်လေးကို ၂၀၁၄ သြဂုတ်လမှာထဲက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဖွင့်ပြီးမကြာခင်မှာပဲ လူစည်ကားလာခဲ့ပါတယ်…။ အရသာလည်းကောင်းမွန်ပြီး အမြင်ဆန်းတဲ့ ပုံစံလေးတွေကြောင့် အောင်မြင်မှုတွေရရှိလာခဲ့ပါတယ်…။