
အလှအပအတွက် Tea Tree Oil (လက်ဖက်ရွက်ဆီ) ရဲ့အသုံးဝင်ပုံ (၅) မျိုး
အလှအပအတွက် အရမ်းအသုံးဝင်ပြီးကောင်းကျိုးပေးတဲ့ Tea Tree Oil (လက်ဖက်ရွက်ဆီ) ရဲ့အသုံးဝင်ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
City Mart တွေမှာ Tea Tree Oil ဆိုပြီးရေးထားတဲ့ လက်ဖက်ရွက်ဆီဘူလေးတွေကို ဝယ်ယူရရှိနိုင်ပါတယ်။ ဒီတော့ အသုံးဝင်ပုံလေးတွေကို လေ့လာကြည့်လိုက်ရအောင်။
၁။ ဝက်ခြံ
ဝက်ခြံတွေသက်သာပျောက်ကင်းစေဖို့ Tea Tree Oil (လက်ဖက်ရွက်ဆီ) ကို ဂွမ်းတံလေးနဲ့ယူပြီး ဝက်ခြံထွက်နေတဲ့နေရာမှာ သုတ်လိမ်းလိုက်ပါ။
၂။ Moisturizer
Tea Tree Oil (လက်ဖက်ရွက်ဆီ) ကို Moisturizer အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းကန်အသေးလေးထဲကို apple cider vinegar - လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေ - လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ Tea Tree Oil (လက်ဖက်ရွက်ဆီ) - အနည်းငယ်တို့ကို ရောမွှေပါ။
ပြီးတာနဲ့ ဂွမ်းဖတ်လေးနဲ့ယူကာ မျက်နှာမှာသုတ်လိမ်းပြီး Moisturizer အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။
၃။ ဗောက်
ခေါင်းမှာဗောက်ထနေတာတွေပျောက်ကင်းဖို့အတွက် ပန်းကန်လုံးလေးထဲကို သင်သုံးနေကျသင့်အကြိုက်ဆုံး ခေါင်းလိမ်းဆီ - စားပွဲတင်ဇွန်း (၁) ဇွန်းနဲ့ Tea Tree Oil (လက်ဖက်ရွက်ဆီ) – (၅) စက်ချပြီး မွှေပေးပါ။
ပြီးရင်တော့ ဦးရေပြားမှာနှံ့နေအောင် နှိပ်နယ်ပြီးလိမ်းပေးရပါမယ်။
၄။ Makeup Brush Spray
Makeup Brush Spray အဖြစ်နဲ့အသုံးပြုဖို့ Spray ဘူးလေးထဲကို ရေနဲ့ alcohol အနည်းငယ်ထည့်ပြီး၊ Tea Tree Oil (လက်ဖက်ရွက်ဆီ) ကို (၁၀) စက်လောက်ထည့်ပေးပါ။ ပြီးရင်တော့ ဘူးကို လှုပ်ယမ်းပြီး Makeup Brush Spray အနေနဲ့ အသုံးပြုနိုင်ပါပြီ။
ဒီလို Makeup Brush Spray အဖြစ်နဲ့ အသုံးပြုမယ်ဆိုရင်တော့ Makeup Brush က အမြဲတမ်းသန့်စင်နေမှာပါ။
၅။ ချွေးနံ့ပျောက်ဆေး
အနံ့အသက်တွေကိုပျောက်ကင်းစေတဲ့ ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုဖို့ ပန်းကန်အသေးလေးထဲကို အုန်းဆီ - အနည်းငယ်၊ မုန့်ဖုတ်ဆိုဒါနဲ့ Tea Tree Oil (လက်ဖက်ရွက်ဆီ) ကို (၂ - ၃) စက်လောက်ထည့်ပြီး မွှေပါ။
ပြီးရင်တော့ လက်လေးနဲ့ယူပြီး ဂျိုင်းမှာအသာလေးပွတ်လိမ်းပေးပါ။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။