ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး Celebrities တွေဘာတွေဝတ်နေသလဲ

     Celebrity တွေက ဖက်ရှင်အသစ်အဆန်းတွေကို အရင်ဦးဆုံးဝတ်ဆင်ပြတတ်ကြပါတယ်…။ ဖက်ရှင်ကိုစိတ်ဝင်စားတဲ့သူတွေကလည်း celebrity တွေဘာတွေဝတ်လည်းဆိုတာကြည့်ပြီး အဆင်ပြေမယ့်ဟာလေးတွေကို လိုက်ဝတ်ဆင်ကြပါတယ်…။ ဒီတော့ အခုလတ်တလောမှာ Celebrity တွေဘယ်လိုဖက်ရှင်မျိုးတွေ ဝတ်နေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်…။
     Gigi Hadid ကတော့ New York မှာ ပန်းရောင် Leather ကို ကုတ်ရော၊ ဘောင်းဘီရော ဆင်တူဝတ်ဆင်ထားတာကိုတွေ့ရမှာပါ…။ သူဝတ်ထားတဲ့ ဒီဇိုင်းမျိုးက ဒီမှာလိုက်ဝတ်ဖို့မဖြစ်နိုင်ပေမယ့် Leather Coat ကိုတော့ လိုက်ဝတ်လို့ရပါတယ်…။

     နောက်ထပ်သူဝတ်တဲ့ ဒီဇိုင်းကတော့ ဖဲသားဘောင်းဘီနဲ့ Crop Top မျိုးပဲဖြစ်ပါတယ်။ အရောင်ကတော့ Rose Gold Colour လို့ပဲပြောရမလား။ သူနဲ့လည်းအရမ်းလိုက်ဖက်ပါတယ်…။

     Hilary Duff ကတော့ New York  Mr.Purple မှာကျင်းပပြုလုပ်တဲ့ The Younger Season Four ပွဲကိုတက်ရောက်တဲ့အခါမှာ ဝတ်ဆင်ခဲ့တဲ့ပုံစံပဲ ဖြစ်ပါတယ်…။ ပေါ့ပေါ့ပါးပါးလေးနဲ့ အကုန်လုံးလိုက်ဝတ်လို့ရတဲ့ပုံစံလေးပဲဖြစ်ပါတယ်…။

     Hilary Duff ကလည်း New York မှာတုန်းက ပေါ့ပါ့ပါးပါးပုံစံလေးက အရမ်းကိုစတိုင်ကျလှပနေပါတယ်…။

     Karlie Kloss ဂျပန်ရောက်နေတုန်းက ဝတ်ခဲ့တဲ့ပုံစံလေးပဲဖြစ်ပါတယ်…။ အဖြူရောင် အင်္ကျီမှာ ဘောင်းဘီကို အပွင့်ပုံလေးတွေနဲ့ချုပ်ထားတာကြောင့် ဝတ်လိုက်ရင် စမတ်ဖြစ်တဲ့အပြင် ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ မိန်းမဆန်ဆန်လေးဖြစ်နေမှာပါ…။

     Iggy Azalea ကတော့ ပွဲတစ်ပွဲမှာ ပခုံးကနေအောက်ထိအောင် အင်္ကျီတစ်ခြမ်းကို ကြိုးတွေနဲ့ဆက်ထားတဲ့ပုံစံမျိုး ဝတ်ဆင်ထားတာဖြစ်ပါတယ်…။