အသားအရောင်အလိုက် ထုတ်လုပ်လိုက်တဲ့ Christian Louboutin ရဲ့ High Heel Sandals…။

     လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက Christian Louboutin က သူရဲ့ Nudes Collection ကို ထုတ်လုပ်ခဲ့ပါတယ်…။ အသားအရောင်ငါးမျိုးနဲ့လိုက်ဖက်အောင် သူထုတ်လုပ်ခဲ့တာဖြစ်ပါတယ်…။

အရင်ထုတ်လုပ်ခဲ့တာက The Solasofia ဖိနပ်အပါးအမျိုးအစားဖြစ်ပြီး၊ အခုတစ်ခါမှာတော့ ကြိုးသိုင်းနဲ့ ဒေါက်ဖိနပ်မျိုးပဲဖြစ်ပါတယ်…။

     The Solasofia ရဲ့တန်ဖိုးကတော့ $595 ရှိပါတယ်…။ Nude Colour တွေကို သဘောကျတဲ့သူအနေနဲ့ကတော့ ကြိုက်နှစ်သက်မှာသေချာပါတယ်…။
     အခုခါမှာတော့ Louboutin ကတော့ ဒေါက်ဖိနပ်နှစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်…။  Christeriva နဲ့ Cherrysandal အမည်နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်…။


     Christeriva ရဲ့ဒီဇိုင်းကတော့ ဖဲပြားကြိုးအရှည်ကို အပေါ်ထိတက်ပြီးချည်လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်နော်…။ သူကတော့ တန်ဖိုးအနေနဲ့ $875 ကျသင့်မှာဖြစ်ပါတယ်…။

     Cherrysandal လေးကတော့ block လိုမျိုးဒေါက်ပဲဖြစ်ပါတယ်…။ သူ့ပုံစံကတော့ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ပုံစံလေးပါ…။ စျေးနှုန်းအနေနဲ့ကတော့ $895 ပဲဖြစ်ပါတယ်…။

     အများစုကတော့ Christeriva လို Cute ဖြစ်မယ့် ဒီဇိုင်းလေးကို ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်…။ Cherrysandal လေးကတော့ ခပ်မိုက်မိုက် ပုံစံလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်နော်…။ အကြိုက်တစ်မျိုးစီပဲပေါ့…