ယောကျ်ားဖြစ်သူဘောင်ဘီအိတ်ထဲကို ကွန်ဒုံးတွေ့ပြီးနောက် ယောကျ်ားကိုသတ်လိုက်တဲ့ အမျိုးသမီး



ဒီဖြစ်စဉ်က ထိုင်းနိုင်ငံ Udon Thani မှာဖြစ်ပွားခဲ့ပါတယ်။ အသက် ၆၂ နှစ်ရှိပြီးဖြစ်တဲ့ Amnuay Wensila ယောကျ်ားဖြစ်တဲ့သူရဲ့ ဘောင်ဘီအိတ်ထဲမှာ ကွန်ဒုံးတစ်ခုကိုတွေ့ရှိခဲ့ပြီ အသက် ၂၂ နှစ်သာရှိသေးတဲ့ Nittaya Saengdeuan ဆိုတဲ့ မိန်းမ ဖြစ်သူဟာ မကျေမနပ်မှုတွေဖြစ်ပွားခဲ့ကာ အချင်းချင်းစကားများခဲ့ကြပါတယ်။

အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်း အချင်းချင်းစကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားဖြင့် အကြိမ်ကြိမ် အခါခါ ထိုးသတ်ခဲ့တယ်လို့သိရပါတယ်။ ယောကျ်ာကိုသတ်ပြီးနောက် အိမ်နောက်ဖေးက မိလ္လာကန်ထဲကို ဖွက်ထားခဲ့ပါတယ်။

ရဲတွေစစ်ဆေးမေးမြန်းရမှာ မိန်းမဖြစ်သူက အမှန်အတိုင်းဝန်ခံခြင်းမရှိပဲ ငြင်းဆိုခဲ့ပါသေးတယ်။ သိုပေမဲ့ အကြိမ်ကြိမ်စစ်ဆေးမေးမြန်းမှုကြောင့် သူမဟာ ယောကျ်ားဖြစ်သူကို တကယ်သတ်ခဲ့ကြောင်း အမှန်အတိုင်းဝန်ခံခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။