မိုးရာသီမှာ အအေးမိရင်ဘယ်လို ကုသရမလဲ

ရာသီအကူးအပြောင်း အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အအေးမိခြင်း (Common Cold) ခံစားရပါ တယ်။ အအေး မိခြင်းဟာ အိပ်ရာထဲမှာ တချိန်လုံးလှဲနေရလောက်အောင် မပြင်းထန်ပေမဲ့ နှာခေါင်း ပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့လို မအီမသာဖြစ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ အအေးမိခြင်းကို အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ကုသလို့ရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…

   သံပုရာရည် (lime juice) ဟာ အအေးမိခြင်းအတွက် အသင့်တော်ဆုံး အိမ်မှာလုပ်နိုင်တဲ့ဆေး ဖြစ်ပါတယ်…။

     ရေတစ်ခွက်စာထဲကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူလေးတွေထည့်ပြီး ကြက်သွန်ဖြူစွပ်ပြုတ် (garlic soup) လုပ်ပြီးသောက်ပါ။ အအေးမိခြင်း တဖြည်းဖြည်းသက်သာသွားပါလိမ့်မယ်…။

     ချင်းလက်ဖက်ရည် (ginger tea) သောက်ပါ။ ဆူပွက်နေတဲ့ရေနွေအိုးထဲကို ချင်းအလွှာလေးတွေ ထည့်ပြုတ်ပြီး သကြားထည့်သောက်ပါ။ ထန်းလျက်ခဲလည်း ထည့်သောက်လို့ရပါတယ်…။

     ငရုတ်ကောင်းနဲ့သကြားကျိုပြီး သောက်ပါ။ ရေ၈အောင်စကို ကျိုပြီး ဆူလာလျှင် ငရုတ်ကောင်း ၇စေ့ ခန့်ကို ကြိတ်ချေ ပြီး သကြား၃ဇွန်းခန့်ထည့်ကျိုပါ။ ရေ ၄ပုံ ၁ပုံ ကျန်သည်အထိ ကျိုပြီး ပူနေတုန်း မှာ သောက်ပါ။ သောက်ပြီး ၁ဝမိနစ်ခန့်ကြာသည်အထိ စောင်ပါးပါးလေး ခြုံထားပေးပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် တစ်နေ့
 ၂ကြိမ် သောက်ပေးပါ…။

     ရာသီအကူးအပြောင်းကြောင့် ဖျားပြီးသွားရင်လည်း ချောင်းဆိုးတာတို့၊ နှာစေးတာတို့က ကျန်နေတတ်ပါတယ်။ အဲလိုဖြစ်လာပြီဆိုရင် ကုသလို့ရမယ့်အလျင်မြန်ဆုံးနည်းလမ်းလေးကိုပြောပြချင်ပါတယ်…။

     ဆနွင်းစစ်စစ်လက်ဖက်ရည်ဇွန်း (၁) ဇွန်း နဲ့ သံလွင်ဆီ (၂) စက်လောက်ထည့်ပြီး ညအိပ်ခါနီးတိုင်း (၃) ရက်လောက်သောက်ပေးပါ… သက်သာသွားပါလိမ့်မယ်…။

  လည်ချောင်းနာပြီဆိုရင်လည်း အစားစာရာမှာအဆင်မပြေဖြစ်တတ်ပါတယ်…လည်ချောင်းခဏခဏယားပြီး ချောင်းလည်းဆိုးတတ်ပါတယ်…ဒါတွေကိုသက်သာစေအောင် အိမ်တွင်းဖြစ်ပစ္စည်းလေးများနဲ့ ကုသလို့ရမယ့်နည်းလမ်းလေးတွေကတော့…

ဆား နဲ့ပလုတ်ကျင်းပေးပါ .. ။ ဆား နဲ့ ပလုတ်ကျင်းပေးရင်လည်း ခံတွင်းထဲက အညစ်အကြေးတွေကို သန့်ရှင်းစေပါတယ် .. ။

 

     - ပျားရည်သောက်ပေးပါ…။ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်း (သို့) ၂ဇွန်း လောက်သောက်ပေးပါက သက်သာစေပါတယ်...။

     ရာသီအကူးအပြောင်းမှာ အအေးမိပြီးဖျားနာတာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းကတော့… ဂျင်းနဲ့ ထန်းလျက်ကို ရောပြုတ်ပြီးသောက်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်…။