ပြည်တွင်းပြည်ပ ပရိသတ်တွေ အားပေးခြင်းခံနေရတဲ့ မြန်မာ National Costume

မြန်မာစံတော်ချိန်အရပြောရမယ်ဆိုရင်တော့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ် အချိန်တုန်းကဆိုရင် Miss Universe ရဲ့ National Costume ပြိုင်ပွဲကြီးကို LA မှာပဲ အောင်မြင်စွာကျင်းပပြီးစီခဲ့ပါတယ်။ ဒီနှစ် မယ်စကြာဝဠာမြန်မာ ဇွန်သံစဉ်ဝတ်ဆင်ခဲ့တဲ့ Costume ကတော့ မြန်မာ့ဆိုင်းဝိုင်းကို ပုံဖော်ပြီးပြသွားခဲ့တာကို အားပေးခဲ့ကြတဲ့ ပရိသတ်တိုင်းသိရှိပြီးသားဖြစ်မှာပါ။


ပြိုင်ပွဲမစတင်ခင်မှာ ပရိသတ်တွေတော်တော်များများ အလှမယ်ဇွန်သံစဉ်အတွက် ရင်တလန့်လန့်နဲ့ စိုးရိမ်နေခဲ့ကြပါတယ်။ တခြားတော့မဟုတ်ပါဘူး။ Stage စင်ရဲ့ သေးငယ်မှုကြောင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာရဲ့ National Costume ရဲ့ Performance အတွက် နေရာအများကြီးယူရခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ National Costume ရဲ့ Performance ဟာ အဆင်ပြေစွာ သရုပ်ဖော်နိုင်ခဲ့ပါတယ်။ လက်ခုပ်သြဘာသံများစွာနဲ့ အားပေးခြင်းခံရပါတယ်။ မနှစ်တုန်းက အလှမယ် ထက်ထက်ထွန်း ရဲ့ ရုပ်သေးရုပ်ကပြသွားတဲ့ Costume လိုပဲ ဒီနှစ် မြန်မာ့ဆိုင်းဝိုင်း National Costume ဟာ Back To Back National Costume ဆုပဲဖြစ်မလားဆိုတာ စောင့်မျှော်ကြည့်ရဦးမှာပါ။


Best NC ဆုရဖို့ဆိုတာလည်း Voting စနစ်လည်းပါရှိနေတဲ့အတွက်ကြောင့် မြန်မာပရိသတ်တွေလည်းစည်းလုံးဖို့လိုအပ်ပါတယ်နော်။ ခု Nation Costume ပြိုင်ပွဲအပြီးမှာတော့ အားပေးခြင်းအများဆုံးရရှိထားတဲ့ နိုင်ငံတွေကတော့ Myanmar အပြင်
•    Thailand
•    Japan
•    Canada
•    Costa Rica
•    Guatemala
•    Nicaragua
•    Vietnam  တို့ပဲဖြစ်ပါတယ်။ Voting Powerhouse ဖြစ်တဲ့ ထိုင်း နဲ့ Vietnam ကိုကျော်တက်ဖို့ဆိုတာ မြန်မာပရိသတ်တွေ စည်းလုံးဖို့လိုအပ်ပါလိမ့်မယ်။ we.com.mm ကလည်း Best NC အတွက် Good Luck ပါလို့ပြောချင်ပါတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။