လုပ်ငန်းခွင်ကစိတ်ဖိစီးမှုတွေကို အစားအသောက်လေးတွေနဲ့ဖြေဖျောက်ကြည့်မယ်

လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေများပြီး စိတ်ဖိစီးမှုဖြစ်လာတာတွေကို အစားအသောက်လေးတွေနဲ့ ဒီလို ဖြေဖျောက်ကြည့်ကြရအောင်.....။

(၁) သရက်သီးတစ်လုံးစားပေးပါ

ဘာလို့လဲဆိုတော့ သရက်သီးမှာက Linalool လို့ခေါ်တဲ့ စိတ်ဖိစီးမှု (stress) တွေကိုလျော့ကျစေတဲ့ compound တွေပါဝင်နေလို့ပါ.....။

(၂) လိမ္မော်သီးကိုအလယ်ကထက်ခြမ်းခြမ်းပြီးရှူပါ

လိမ္မော်သီးကိုအလယ်ကထက်ခြမ်းခြမ်းပြီး အနံ့ကိုရှူပေးခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ norepinephrine ဓာတ်ကိုမြင့်တက်စေလို့ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်.....။

(၃) ချော့ကလတ်စားပါ

ချော့ကလတ်စားပေးတာကလည်း စိတ်ဖိစီးမှု၊ hormone, cortisol stress တွေကို လျော့ကျစေပါတယ်.....။

(၄) Green Tea လက်ဖက်ရည်သောက်ပါ

Green Tea လက်ဖက်ရည်က L Theanine အရင်းအမြစ်ပါ....။ ဒီ chemical ဓာတ်က စိတ်ဆိုးဒေါသဖြစ်တဲ့စိတ်တွေကို လျော့ကျသက်သာစေပါတယ်.....။