သင့်ရဲ့တစ်သက်တာမှာ တစ်ခါမှမမြင်ဖူးသေးတဲ့ ချစ်စရာတိရစ္ဆာန်လေးနဲ့မိတ်ဆက်ပေးပါရစေ

သူတို့ကို Aardwolf လို့ခေါ်ပါတယ် ..။

ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်ပါတယ် ..။ သူတို့တွေအနေနဲ့ တည်ရှိနေခဲ့တာကြာပါပြီ ..။ ဒါပေမယ့် သူတို့တွေရှိနေမှန်း သင်တို့သိချင်မှသိကြလိမ့်မယ် ..။
ကိုယ့်နိုင်ငံထဲက တိရစ္ဆာန်မျိုးစိတ်တွေတောင်စုံအောင်ကြည့်ဖူးကြမှာမဟုတ်လို့လေ ..။

Aard တွေဟာ အာဖရိက အရှေ့ နဲ့ အရှေ့တောင်ဘက်ဒေသ တွေမှာနေထိုင်ကျက်စားကြတယ် ..။ သူတို့ရဲ့ ပုံစံနဲ့အနေအထားကတော့ Hyena လို့ခေါ်တဲ့ ခွေးအ တွေနဲ့ဆင်တူပါတယ် ..။ ပြောရရင်တော့ ခွေးအ တွေနဲ့ ညီအစ်ကိုဝမ်းကွဲတွေတော်စပ်တယ်ပေါ့ ..။

ဒါပေမယ့် ခွေးအတွေနဲ့မတူညီတဲ့အချက်က သူတို့တွေဟာ ခွေးအတွေလို အသားစားသတ္တဝါအရိုင်းတွေမဟုတ်လို့ပါ ..။ သူတို့တွေဟာ ပူပြင်းနေတဲ့နေ့ဘက်တွေဆိုရင် မြေအောက်အနက် ၁၂ ပေလောက်က မြေတွင်းထဲအောင်းနေတတ်ကြပြီး၊ ညဘက်ကျမှ အပြင်ထွက်ကြတာပါ။ သူတို့တွေဟာ အမဲလိုက်သတ္တဝါတွေမဟုတ်ကြပါဘူး ..။

အင်းဆက်တွေဖြစ်တဲ့ ကျိုင်းကောင်၊ ပိုးနှံကောင်၊ ချေးပိုးထိုး၊ ကင်းမြီးကောက် .. စတဲ့သတ္တဝါတွေကိုသာ စားသောက်ကြတာဖြစ်တယ် ..။ သူတို့တွေရဲ့ အကြိုက်ဆုံး အင်းဆက်ကတော့ ခြ တွေပါ ..။ ဘော့ဆွာနာ၊ နမီးဘီးယား၊ ဆွာဇီလန်၊ လီဆိုသို စတဲ့ အရှေ့တောင်ဘက်အခြမ်းဒေသတွေမှာ တော်တော်ကြီးမားတဲ့ ခြတောင်ပုံ ( Termite Mole ) တွေရှိတယ်။

အဲဒီတော့သူတို့အကြိုက်ပေါ့လေ ..။

သူတို့ရဲ့ တံတွေးတွေနဲ့စေးကပ်နေတဲ့လျှာတွေကိုအသုံးပြုပြီး အင်းဆက်တွေကိုဖမ်းယူကြတာပါ ..။ Arrdwolf တစ်ကောင်ဟာ ခြအကောင်ပေါက်း သုံးသိန်းလောက်ကို မိနစ်ပိုင်းအတွင်းကုန်စင်အောင်စားသောက်ပစ်နိုင်တယ်ဆိုပဲ ..။

အရွယ်ရောက်ပြီးသား Aardwolf တစ်ကောင်ဟာ မြေခွေးတစ်ကောင်ရဲ့ခန္ဓာကိုယ်လောက်ကြီးထွားနိုင်ပါတယ်။

Aardwolf တွေရဲ့ ပုံလေးတွေကို we ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ် ..။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။