မြန်မာပရိသတ်တွေရဲ့ အားပေးခြင်းအခံရဆုံး ပြည်ပ အဆိုတော် (၆) ယောက်/ဖွဲ့

Taylor Swift


မြန်မာပြည်မှာ Swifties တွေတော်တော်များများရှိနေတယ်ဆိုတာ သင်သတိထားမိသလား။ ဒီ ၂၀၁၇ မှာ ထွက်ရှိတဲ့ Taylor Swift ရဲ့ ၆ ခုမြောက် Studio Album မထွက်ခင်ကတည်းကရော ထွက်ပြီးတော့ရော သူမရဲ့ Reputation ကို မြန်မာပြည်က ပရိသတ်တွေတော်တော်များများအားပေးကြတယ်ဆိုတာ Facebook ပေါ်မှာ နေ့စဉ်နေတိုင်းတွေ့နေရပါတယ်။ Taylor Swift ဟာ Country ဘက်ကနေ Pop ဘက်ကိုပြောင်းလာတဲ့ အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ အပြင် အအောင်မြင်ဆုံး၊ ဝင်ငွေအများဆုံး ၊ ပရိသတ်အများဆုံး အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်။

Justin Bieber


JB က ကောင်မလေးတွေရဲ့ အသည်းစွဲပေါ့။ Baby သီချင်းတစ်ပုဒ်နဲ့ မြန်မာပြည်ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ အဲအချိန်တုန်းကဆိုရင် JB ရဲ့ Baby သီချင်း မကြားချင်တော့လောက်အောင်ကို Popular ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းတစ်ပုဒ်ကြောင့်သာ JB ဟာ နေရာတိုင်းလိုလိုမှာ Beliebers တွေရှိလာတာပေါ့။ သူသာ မြန်မာပြည်ကို Exo တို့လို Show လုပ်ကြည့်ပါလား။ ဝက်ဝက်ကွဲ အောင်မြင် မှာ သေချာတယ်။

Celine Dion


သီချင်းအေးအေးဆွေးဆွေးလေးနဲ့ ပရိသတ်ရင်ထဲကို နေရာယူထားတဲ့ တစ်ဦးတည်းသောအဆိုတော်ဆိုလည်းပြောလို့ရပါတယ်။ International Hits ကို ကြိုက်နှစ်သက်တဲ့ပရိသတ်တိုင်း သူမကို မသိတာ မရှိလောက်ပါဘူး။ My Heart Will Go On တစ်ပုဒ်တည်းနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ စိတ်ခံစားကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ဒီနှစ် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဝင်ငွေအများဆုံး ရရှိတဲ့ ထိပ်ဆုံး မိန်းကလေးအဆိုတော် (၅) ဦးထဲက နံပါတ် (၄) နေရာကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ Congratulations ပါ Celine Dion !

EXO


မြန်မာပြည်မှာ EXO Fan များလား မများလားဆိုတာ Cele Cele Small ရှိတုန်းက Facebook သုံးတဲ့ သူတိုင်းသိနိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ အောင်မြင်မှုကြောင့်လို့ပြောလို့ရတာပေါ့နော်။ ဒီလိုအောင်မြင်ဖို့ဆိုတာ ဒီလိုပရိသတ်တွေရှိနေမှဖြစ်နိုင်မှာလေ။ ဂယက်တွေကြားမှာ မြန်မာပြည်ကို ရောက်အောင်လာပြီး ပွဲလှအောင် ဆင်နွှဲပေးလိုက်တဲ့ EXO အဖွဲ့ဟာ ပရိသတ်တွေနဲ့ တွေ့မြင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်က ပရိသတ်တွေဟာ သူတို့ အဖွဲ့ကို ချစ်ကြတာပေါ့။

One Direction


One Direction ဟာ World Biggest Boy Band လို့ တင်စားခြင်းခံထားရတဲ့ ယောကျ်ားလေးအဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ပရိသတ်အားလုံးသိတဲ့အတိုင်းပါပဲ သူတို့အဖွဲ့ဟာ Zayn Malik ထွက်သွားခဲ့ပေမယ့် အောင်မြင်စွာနဲ့ ဆက်လက်ရပ်တည်နေဆဲအဖွဲ့တစ်ဖွဲ့ပါ။ အောင်မြင်နေတဲ့ အဖွဲ့တိုင်းလိုလိုမှာ ဒီလို ခွဲထွက်တဲ့ ပြသနာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ Girl Generation ၊ Fifth Harmony ၊ Exo စသဖြင့် အောင်မြင်နေတဲ့ အဖွဲ့ဟာလည်း ဒီလိုပဲ ခွဲထွက်ကြတဲ့ အခြေအနေကြုံခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့အဖွဲ့ ဟာ ခုထိ World Biggest Boy Band လို့ တင်စားခြင်းခံနေရဆဲပါပဲ။ သူတို့အဖွဲ့လည်း JB လိုပါပဲ။ One Thing တစ်ပုဒ်နဲ့ မြန်မာပြည်က ပရိသတ်တွေရဲ့ နှလုံးသားထဲကို နေရာယူလိုက်တဲ့ Boy Band တစ်ဖွဲ့လို့ပြောလို့ရပါတယ်။

BTS


မြန်မာကို လာဖျော်ဖြေဖူးတဲ့ K Pop အဖွဲ့တွေထဲကတစ်ဖွဲ့ပါ။ မြန်မာပြည်က ပရိသတ်တွေရဲ့ အားပေးခြင်းအများဆုံး ခံနေရတဲ့ K pop အဖွဲ့တွေထဲက တစ်ဖွဲ့လို့လည်းပြောလို့ရပါတယ်။ ခုဆိုရင် BTS အဖွဲ့ဟာ Billboard စရင်းထဲမှာ နေရာရလာတဲ့ အာရှနိုင်ငံတွေထဲက အဖွဲ့တစ်ဖွဲ့ပါ။ ဒီလိုဖြစ်လာခြင်းကြောင့် BTS အဖွဲ့ဟာ လူပိုသိလာပြီး နောက်ထပ်အောင်မြင်မှုပန်းတိုင်တစ်ခုကို ထပ်မံပိုင်ဆိုင်ရရှိမှာအသေအချာပါပဲနော်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။