$370 တန်အကျီနဲ့တွဲဝတ်လို့ရမယ့် အရာကိုတွေပြီဆိုတဲ့ Selena Gomez

ပရိတ်သတ်တွေရဲ့ အချစ်တော် Selena Gomez ကသူ့ရဲ့ $370 အင်္ကျီနဲ့ တွဲဝတ်ဖို့ ဖက်ရှင်ကျမယ့် အရာကိုရှာတွေ့ခဲ့ပါပြီ။ အဲဒါကတော့ Jeans ဘောင်းဘီအရှည်ပါပဲ။ နောက်ပြီး ဒီအဝတ်အစား နဲ့ လိုက်ဖက်မယ့် ဖိနပ်လေးကိုတော့သူမ စီးနေကျ ဖိနပ်လိမ္မော်ရောင်လေး နဲ့ တွဲဖက်ဝတ်ဆင်ဖြစ်ခဲ့ပါတယ်။

တကယ်တမ်း တော့ သူမ ဝတ်ထားတာက လူငယ်ဆန်ဆန် ပေါ့ပေါ့ ပါးပါးနဲ့ ဖက်ရှင်ကျတာကတော့ အမှန်ပါပဲ။ မြို့ထဲကို သွားဖို့ ဒီအင်္ကျီလေးကို ဝတ်ချင်နေတာကတော့ အမှန်။ ဒါပေမယ့် အောက်ကဘာနဲ့ ဝတ်ရမှန်းမသိလို့ ရှာနေတာတော်တော်တော့ကြာပြီ။ နောက်ဆုံးတော့လည်း ဒီအင်္ကျီလေးကို ဒီလိုဖက်ရှင်လေးနဲ့ပဲဝတ်ဖြစ်ခဲ့ပါတယ်လို့ Selena Gomez ကပြောခဲ့ပါတယ်။

 ဆိုလိုချင်တာက မိန်းကလေးတွေမှာ  Jeans ဘောင်းဘီ အရှည်လေးတွေ ရှိသင့်ပါတယ်။ နောက်ဆုံး ကိုယ်နှစ်သက်တဲ့အင်္ကျီ အတွက် ဝတ်စရာမရှိတော့ရင်တောင် အလွယ်တကူ ဖက်ရှင် ကျမယ့် အရာကတော့ Jeans ဘောင်းဘီပါပဲလို့ Selena ကပြောခဲ့ပါတယ်။