အသစ်ထုတ်လုပ်လိုက်တဲ့ Minions Suitcase

ဒါကတော့ Despicable Me 3 အမှီ ထုတ်လုပ်လိုက်တဲ့ Minions ခရီးဆောင်လက်ဆွဲအိတ်လေးပါ....

သူက limited Edition အနေနဲ့ထုတ်ထားတာပါတဲ့...။ ဒီအဝါရောင်အိတ်လေးရဲ့ထူးခြားချက်ကတော့ ရိုးရှင်းတဲ့ဒီဇိုင်းပုံလေးနဲ့ ခေတ်ဆန်နေတာပါပဲ...။ တောက်ပတဲ့အဝါရောင် ဒီလက်ဆွဲအိတ်လေးကို ဆိုဒ်လေးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်...။ ကွဲပြားတဲ့ဆိုဒ်တွေဖြစ်တဲ့ “the carry-on, the bigger carry-on, the medium နဲ့ the large” ဆိုတဲ့ ဆိုဒ်လေးမျိုးပါ....။

Suitcase တစ်ခုချင်းဆီမှာလည်း Minions' signature eye goggles ပုံလေးနဲ့ leather ID ကဒ်ပြားလေးပါပါတယ်...။ တကယ်လို့ကိုယ်က ကာတွန်းပုံမျိုးပါနေတာမကြိုက်ဘူးဆိုလဲ ဒီကဒ်ပြားလေးကိုဖြုတ်သွားလို့ရတယ်နော်...။ ဒီ leather ID ကဒ်လေးတွေကိုလိုချင်ရင်  “luggage tag separately” မှာဝယ်လို့ရပါတယ်...။ စျေးနှုန်းအနေနဲ့ကတော့  ၂၅ဒေါ်လာ ရှိတယ်လို့သိရပါတယ်....။

နောက်ပြီး ဒီ Suitcase လေးအတွက် minions sticker လေးတွေကိုလည်း အဲ့ဒီမှာပဲ ဝယ်ယူရရှိနိုင်ပါတယ်တဲ့....။

Limited အနေနဲ့ထုတ်လုပ်ထားတဲ့ ဒီအိတ်လေးတွေရဲ့စျေးနှုန်းကတော့ ဆိုဒ်လေးမျိုးရှိတဲ့အတွက် စျေးကလည်း လေးမျိုးရှိပါတယ်...။ စျေးတွေကတော့  “the carry-on” ဆိုတဲ့ အသေးဆုံးဆိုဒ်လေးအတွက် ဒေါ်လာ (၂၂၅)၊ “the bigger carry-on” ကတော့ ဒေါ်လာ (၂၄၅)၊ “the medium” က ဒေါ်လာ (၂၇၅) နဲ့ “the large” ကတော့ ဒေါ်လာ (၂၉၅) ရှိပါတယ်....။

ဝယ်လို့ရတဲ့နေရာတွေကတော့ “Awaytravel.com”  နဲ့ “New York” က စဆိုးဆိုင်တချို့မှာ ဝယ်ယူရရှိနိုင်ပါတယ်....။