အာလူးနဲ့ကြက်ဥကိုပေါင်းစပ်ပြီး pizza ပုံစံဖြစ်အောင် ဘယ်လိုပြုလုပ်မလဲ?

အာလူးကိုကြက်ဥနဲ့ပေါင်းစပ်ပြီး အရသာရှိတဲ့ pizza ပုံစံဖြစ်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။ သူက အရသာရှိတဲ့အပြင် ကျန်းမာရေးနဲ့ပါညီညွတ်တဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ ဒီတော့ လုပ်ရမယ့်ပုံစံလေးကို လေ့လာကြည့်လိုက်ရအောင်။

အရင်ဆုံး အာလူးအလုံးကြီး (၃) လုံးကို အခွံခွာပြီး အဝိုင်းပုံစံပါးပါးလေးတွေလှီးပေးပါ။

လှီးထားတဲ့အာလူးတွေကို ပန်းကန်လုံးထဲထည့်ပါ။ ပြီးတာနဲ့ ဆီ - စားပွဲတင်ဇွန်း (၃) ဇွန်း၊ ဆား - လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် - အနည်းငယ်နဲ့ ခြစ်ထားတဲ့ချိစ်လေးတွေကို စားပွဲတင်ဇွန်း (၁) ဇွန်းစာထည့်ပြီး နယ်ပေးပါ။

နယ်ပြီးတာနဲ့ ပုံထဲကလို စောက်နက်တဲ့ပန်းကန် (သို့) ခွက်ထဲကို အားလူးဖတ်တွေ ပုံမှာပြထားတဲ့အတိုင်း သေချာလေးထည့်ပါ။ ပြီးရင် မုန့်ဖုတ်စက်ထဲမှာ (၁၅) မိနစ်ထည့်ထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးအကြီးထဲကို ကြက်ဥ (၅) လုံးဖောက်ထည့်ပါ။ ပြီးရင် နွားနို့ - ခွက်တစ်ခွက်စာ၊ အတုံးသေးသေးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး - ခွက်တစ်ဝက်စာ၊ ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ် - ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ ပါးပါးလှီးထားတဲ့ ဝက်သားပြား (သို့) ဝက်ပေါင်ခြောက် - ခွက်တစ်ဝက်စာ၊ ပါးပါးလှီးထားတဲ့ အဝါရောင်ဒိန်ခဲ - ခွက်တစ်ဝက်စာ၊ ဆား - လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် - အနည်းငယ်နဲ့ ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတို့ကို ထည့်မွှေပါ။

မွှေပြီးတာနဲ့ ခုနကအာလူးပန်းကန်ထဲကို လောင်းထည့်လိုက်ပါ။ ပြီးတာနဲ့ မုန့်ဖုတ်စက်ထဲမှာ မိနစ် (၃၀) လောက်ထည့်ထားလိုက်ပါ။

မုတ်ဖုတ်စက်ထဲကထုတ်တာနဲ့ လှီးပြီး ပန်းကန်ထဲထည့်ကာ အသင့်စားသုံးနိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။