ရုပ်ပြကာတွန်း ကောင်းကောင်းလေးတွေ ဖတ်လို့ရမယ့် WEBTOON

လူငယ်တွေအကြိုက် App လေး တစ်ခုအကြောင်း မသိသေးတဲ့သူတွေအတွက် ပြောပြပေးချင်ပါတယ်...။ ကိုရီးယားနာမည်ကြီး ဇာတ်လမ်းတွဲ W ကိုသိကြမှာပေါ့...။ အဲ့ထဲကလို ရုပ်ပြကာတွန်းဇာတ်လမ်း ကောင်းကောင်းလေးတွေကို အပျင်းပြေဖတ်လို့ရမယ့် WEBTOON ဟာဆိုရင် အခုဆိုရင် လူငယ်တွေကြားမှာရေပန်းစားလျက်ရှိပါတယ်...။


ကိုရီးယားနိုင်ငံရဲ့အကြီးဆုံး ဒီဂျစ်တယ်ကုမ္ပဏီဖြစ်တဲ့ NEVER ကနေပြီး 2004 ခုနှစ် June လတည်းက ပြုလုပ်ခဲ့တာပါ...။ ထို့နောက် အားပေးမှုတွေရလာတဲ့အတူ ကမ္ဘာတဝန်းတွင်ကျယ်စွာ အသုံးပြုနိုင်အောင် 2014 ခုနှစ်မှာ LINE WEBTOON အနေနဲ့ တစ်ဆင့်တိုးချဲ့ခဲ့ပါတယ်...။ English Version နဲ့ဖတ်ရမှာဖြစ်ပြီး အခုဆိုရင် လစဉ်သုံးစွဲသူ 17 သန်းဖြင့် ထိပ်ဆုံးမှာ နေရာယူထားပါတယ်...။


နေ့စဉ်ဇာတ်လမ်းပေါင်း 200 ခန့်ကို အခမဲ့တင်ပေးနေတာဖြစ်ပြီး Drama, Romance, Action, Comedy, Fantasy စတာတွေထဲက ကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်…။ ဒီ WEBTOON မှာ ရုပ်ပြကာတွန်းရေးဆွဲသူ တစ်သောင်းကျော်ခန့်ရှိတာကြောင့် ဇာတ်လမ်းက လုံးဝထပ်မနေပါဘူး…။

ဒါဆိုမသုံးကြည့်ရသေးသူတွေ Google Play နဲ့ Apple App Store တွေမှာ "WEBTOON" လို့ရိုက်ထည့်ပြီး အလွယ်တကူ အခမဲ့ Free Download နိုင်မှာဖြစ်ပါတယ်...။ Sign Up လုပ်ဖို့က Facebook နဲ့ ချိတ်ဆက်လိုက်ရုံပါပဲ...။ နှစ်သက်ရာ ဇာတ်လမ်းကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ပြီး တစ်ပုဒ်ခြင်းစီ Download ထားလို့လည်းရပါတယ်...။ အပျင်းပြေ ဖတ်လို့ရတာကြောင့် စမ်းသုံးကြည့်ဖို့ အကြံပေးပါရစေ...။