နှင်းဆီပင်ကို အမြန်ဆုံးကြီးထွားအောင် ဘယ်လိုစိုက်မလဲ ?

ဒီနေ့မှာတော့ မိန်းကလေးတော်တော်များများရော၊ယောက်ျားလေးတော်တော်များများရော ဝါသနာပါကြတဲ့ ပန်းပင်စိုက်နည်းလေးအကြောင်းကိုပြောပြချင်ပါတယ်။

အဲ့ဒီထဲကမှ နှင်းဆီပန်းလေးတွေကိုပဲအမြတ်တနိုးစိုက်တတ်တဲ့သူတွေအတွက် နှင်းဆီပင်ကိုအမြန်ဆုံးကြီးထွားအောင်စိုက်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

ကဲ….ဘယ်လိုစိုက်ရမလဲဆိုတာကိုတော့ ဆက်ဖတ်ကြည့်ရအောင်နော်။
၁။ ပထမဆုံး (၆) လက်မခန့် မြေကျင်းတူးပါ။ 
၂။ မြေကျင်းထဲကို သဲအနည်းငယ်အောက်ခံထည့်ပါ။


 ၃။ စိုက်ပျိုးလိုသည့် နှင်းဆီရောင်ကို ကိုင်းဖြတ်ပါ။ ကိုင်းသည် စိုက်ပျိုးရန် ရင့်သည့် ကိုင်းဖြစ်ရန်လိုသည်။ (၉) လက်မ အရှည်ခန့် ဖြတ်လျင် လုံလောက်သည်။ 
၄။ အာလူး အနည်းငယ်ကြီးတာကိုယူပါ။ စိုက်မည့် နှင်းဆီကိုင်းကို အရင်းပိုင်းချွန်ပြီး အာလူးထဲကို (၃) ပုံ (၂) ပုံ ခန့်ထိထိုးစိုက်ပါ ။


၅ ။ အာလူးထဲ စိုက်ပြီးသား နှင်းဆီကိုင်းတွေကို မြေကြီးထဲမြုတ်ပြီး စိုက်လို့ရပါပြီ။ အာလူးမှာပါတဲ့ ကြွယ်ဝလှတဲ့ ဓာတ်တွေနဲ့ ရေဓာတ်ဟာ နှင်းဆီပင်ကို အလွယ်တကူ ကြီးထွား ရှင်သန်စေမှာ ဖြစ်ပါတယ်။

အားလုံးပဲဒီနည်းလမ်းလေးအတိုင်းလုပ်ကြည့်ပြီး လှပတဲ့ပျိုးဥယျာဉ်လေးတွေကိုဖန်တီးနိုင်ပါစေနော်။