ဓာတ်ပုံကောင်းကောင်းလေးတွေဖြစ်ဖို့ ပြုပြင်ပေးမယ့် အကောင်းဆုံး Apps များ

ကမ္ဘာတဝန်းနေ့စဉ်နဲ့အမျှ Facebook ပေါ်မှာ ဓာတ်ပုံပေါင်း သန်း ၃၅၀ ခန့် နှင့် Instagram မှာတော့ ၉၅ သန်းခန့် မျှဝေလျက်ရှိကြပါတယ်…။ ပုံတွေတင်တိုင်း လှနေဖို့တော့အရေးကြီးတာပေါ့…။ ဒါမှလည်း သူငယ်ချင်းတွေက ကိုယ့်ဓာတ်ပုံလေးကို သတိထားမိမယ်လေ…။ အဲ့ဒီအတွက် ဓာတ်ပုံပြုပြင်ရာမှာ အသုံးဝင်တဲ့ အကောင်းဆုံး Apps တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်…။

VSCO

အခုနောက်ပိုင်း အသုံးများလာတဲ့ App တစ်ခုပါ…။ အရောင်အဆန်းလေးတွေအပြင် ရုပ်ထွက်လည်းကောင်းတာကြောင့် တော်တော်များများကနှစ်သက်ကြပါတယ်…။ VSCO မှာ အကောင့်ဖွင့်ကာ ပုံတွေတင်နိုင်မှာဖြစ်ပြီး Instagram လိုတော့ Like တွေ Comment တွေပါရှိမှာ မဟုတ်ပါဘူး…။

Trigraphy


ဒီ App ကတော့ သင့်ပုံတွေကို ထူးခြားတဲ့ စိတ္တဇဆန်ဆန်ပုံရိပ်တွေဖြစ်သွားအောင် ပြောင်းလဲပေးမှာပါ…။ ဒါကို အသုံးပြုပြီးပြုပြင်ထားတဲ့ တချို့ပုံတွေဟာဆိုရင် ပြတိုက်မှာသိမ်းထားရလောက်အောင် လှတယ်လို့ဆိုပါတယ်…။ IOS မှာပဲ အသုံးပြုနိုင်မှာပါ…။

Snapseed


Snapseed ကတော့ ၂၀၁၂ တည်းက ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ပြုပြင်ပေးမယ့် Tools ပေါင်း ၂၅ ခုပါဝင်ပါတယ်…။ Portraits ပုံရိပ်များအပါအဝင် အခြား Effects များစွာလည်း ပါဝင်ပါသေးတယ်…။ တခြား Apps တွေနဲ့မတူတဲ့ သူ့ရဲ့ထူးခြားချက်ကတော့ ဘယ်လောက်ပြင်ပြင် Resolution လုံးဝကျမသွားတဲ့အတွက် အရမ်းအဆင်ပြေတာပေါ့…။

Repix


ဒီ App ကိုတော့ လူပေါင်း ၁၅ သန်းကျော်အသုံးပြုလျက်ရှိပြီး Effects ပေါင်း ၂၅ ခုအပြင်၊ Filters ၁၆ ခုလည်းပါဝင်ပါတယ်…။ တီထွင်ဆန်းသစ်တဲ့ ပုံရိပ်တွေကို ပြုပြင်ဖန်တီးနိုင်မှာဖြစ်ပါတယ်…။


PicsArt


ကာတွန်းဆန်ဆန် လန်းလန်းဆန်းဆန်းပုံရိပ်တွေ ရရှိဖို့ PicsArt က ကူညီပေးပါလိမ့်မယ်…။ လူသန်း ၃၀၀ ကျော် ဒေါင်းလုပ်ဆွဲပြီး အသုံးပြုလျက်ရှိတယ်လို့ ဆိုပါတယ်…။ ဒီ Apps တွေဖုန်းထဲမှာမရှိသေးရင် အခုပဲဒေါင်းလုပ်ဆွဲလိုက်နော်…။