ရေဓာတ်ကုန်ခမ်းခြင်း နှင့် သင့်ကျန်းမာရေး


Clear Lake Regional ဆေးဌာနက ဒေါက်တာ ရောဘတ်ဒ်လီ ရဲ့ ပြောကြားချက်အရ ကျွန်ုပ်တို့ ကိုယ်ခန္ဓာဟာ ရေဓာတ် ၆၀%ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ၇၅% ဟာ ကြွက်သားမှာဖြစ်တဲ့အပြင် ဦးနှောက်မှာလည်း ရေဓာတ် ၈၅%လောက်ရှိပါတယ်ဆိုပြီး သိရှိရပါတယ်။


သင်ဟာ ခဏခဏနေမကောင်းဖြစ်နေတယ်ဆိုရင်တော့ သေချာပါတယ် သင့်မှာ ရေဓာတ်ကုန်ခမ်းနေတာ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေဟာ ရေဓာတ်လုံလောက်စွာမရရှိနိုင်တဲ့အခါ ဖြစ်လာတတ်တဲ့ လက္ခဏာတွေပါပဲ။


မောပန်းနွမ်းလျမှု

သင်ဟာ အလုပ်ခွင်မှာလည်း ပင်ပန်းတတ်သလို အိမ်မှာနေရင်းလည်း အလိုအလျောက် မောပန်းတတ်ပါတယ်။ အိပ်ရေးကောင်းစွာ ရရှိနိုင်တာတောင် သင်ဟာ မောပန်းနေတုန်းဆိုရင်တော့ သေချာပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလုံလောက်လောက် မရှိလို့ပဲဖြစ်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းကြောင့် သွက်သွက်လက်လက်မရှိပဲဖြစ်နေမယ်။ အားအင်တွေကုန်ခမ်းလာမယ်။ ဒါကြောင့်မို့လို့ သင်ဟာ မောပန်းနွမ်းလျမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အပြင်သွားတာဖြစ်ဖြစ် အိမ်မှာနေတာဖြစ်ဖြစ် အလွယ်တကူ ဆောင်ထားလို့ရတဲ့ ရေဗူးတွေ ဆောင်ထားသင့်ပါတယ်။


ဗိုက်အောင့်ခြင်း

ဗိုက်အောင့်တဲ့ အပြင် အသက်ရှုလည်းမဝဘူး။ ပြီးတော့ ဝမ်းလည်းမသွားဘူးဆိုရင်တော့ သေချာပါတယ်။ သင်ဟာ အစာမကြေတာဖြစ်တဲ့အပြင် ရေကို လုံလုံလောက်လောက် မသောက်တာလည်း ဖြစ်နိုင်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းဟာ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်စေနိုင်မယ့် လက္ခဏာတွေထဲက တစ်မျိုးအပါအဝင်ပါ။ သင် ရေကို လုံလုံလောက်လောက်မသောက်သုံးပါက သင့်ဝမ်းဗိုက်အူထဲက အညစ်ကြေးတွေဟာ ခြောက်ကပ်လာပြီ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမဖြစ်လာနိုင်အောင်ကာကွယ်တဲ့အနေနဲ့ အိပ်ရာနိုးနိုးချင်း ရေ ၂ ခွက်သောက်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ တစ်နေ့တာအချိန်ကို လန်းဆန်းနေစေရုံမက အစာချေဖျက်ခြင်း အတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။


ခေါင်းကိုက်ခြင်း

၈၅% သောရေဓာတ်ဟာ ဦးနှောက်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် သင်ဟာ ရေကို လုံလောက်စွာ မသောက်သုံးတဲ့အချိန်မှာ သင့်ဦးနှောက်က ချက်ချင်းအချက်ပြလာတတ်ပါတယ်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို ပျစ်လာတတ်လာပြီး ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားတဲ့အခါမှာ  ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ ဒီလိုမျိုးမဖြစ်နိုင်အောင် အရည်ရွှမ်းတဲ့အသီးတွေဖြစ်တဲ့ သခွားသီး၊ စပျစ်သီး၊ ဖရဲသီး စသဖြင့် ရေဓာတ်များတဲ့အသီးတွေကို စားသုံးပေးခြင်းဖြင့် ကာကွယ်လိုက်ပါ။ 
ရေအသက် တမနက် ဆိုတဲ့အတိုင်း ရေသောက်ခြင်းဖြင့် သင့်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါနော်။