အဖြူရောင် တီရှပ်လေးတွေကို စတိုင်လ်ကျကျ ဝတ်ဆင်နည်း (၆) မျိုး

အပြင်တစ်ခါသွားရင် ဘယ်အရောင်ဝတ်ရမလဲ။ ဘယ်အရောင်က ဘယ်ဟာနဲ့လိုက်ဖက်လဲဆိုပြီး ဆင်မြန်းနေရတာ မိန်းကလေးတိုင်းလိုလိုအတွက် အခက်အခဲဖြစ်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့်မို့ အဖြူရောင်ဟာ ဘယ်ဟာနဲ့ပဲ ဝတ်ဆင်ဝတ်ဆင် အကုန်လုံးနဲ့ Flexible ဖြစ်စေပါတယ်။ 

ကဲ အဖြူရောင် တီရှပ်လေးရှိရုံနဲ့ ဘယ်လိုခေတ်ဆန်သွားလဲဆိုတာ ကြည့်ကြရအောင်။ 

1. ပေါ့ပေါ့ပါးပါး
 
ကြယ်သီးလေးတွေဖြုတ်ပြီး ခါးမှာချည်ထားလိုက်ပါ။ မူလအရှည်ထက် (၃) ဒါမှမဟုတ် (၄) လက်မ လောက်တိုပြီး ချည်ထားလိုက်ပါ။ ဒီပုံစံဟာ သင့်ကို ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်ဖက်စေပါတယ်။ 

2. ခါးတိုပုံစံ (Crop Top Style)
 
 အင်္ကျီကို ပုံမှန်ထက် (၃) လက်မ၊ (၄) လက်မတိုပြီး ချည်ထားတာထက် ဒီလို Crop Top စတိုင်လ်ဟာ ပိုပြီးမိုက်ပါတယ်။ ပိုပြီး Smart ဖြစ်ပါတယ်။ 

3. တွေ့ဆုံပွဲအတွက်
 အဖြူထည်လေးကို ခေတ်ဆန်ဆန် Formal ကျကျဝတ်ဆင်ချင်သူတွေအတွက်ပါ။ မြင်သူအပေါင်း “Wow” ဖြစ်သွားအောင် သူနဲ့လိုက်ဖက်တဲ့ Accessory ပစ္စည်းလေးတွေ ဆင်မြန်းလိုက်ရင် ပိုပြီး ပြည့်စုံသွားတဲ့အလှတရားတစ်ခုကုုိ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။ 

4. တီထွင်ရမယ့် ပုံစံ
 

ဟုတ်ပြီ။ ပုံစံအမျိုးမျိုးနဲ့ Classic ဖြစ်အောင် တီထွင်လိုက်ပါ။ ဒါမှ သူများနဲ့မတူညီတဲ့ တမူထူးဆန်းတဲ့စတိုင်လ်မျိုး ရရှိစေမှာပါ။

5. ညနေပိုင်းအပြင်ထွက် အနားယူနိုင်တဲ့စတိုင်လ်
 

အင်္ကျီပါးပါးလေးတစ်ထည်နဲ့ အပေါ်ကိုထပ်ဝတ်ဆင်ပြီး Jean ဘောင်းဘီအရှည်နဲ့ဖြစ်ဖြစ်၊ အတိုနဲ့ဖြစ်ဖြစ် စတိုင်လ်ကျကျဖြစ်အောင် ဒီလိုလည်းဝတ်ဆင်နိုင်ပါတယ်နော်။ 

6. မှော်ဆန်တဲ့ ပန်းပွင့်တွေနဲ့
 

ပန်းပွင့်စကတ်လေးကုုိ အပေါ်ကအဖြုရောင်ရှပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ခြင်းအားဖြင့် သင့်ကိုအများအမြင်မှာ ပန်းပွင့်လေးတွေလို အမြဲတမ်းကျော့ရှင်းပြီး လန်းဆန်းနေစေမှာ အမှန်ပဲနော်။ 

ဒါကတော့ ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး ဝတ်ဆင်နိုင်ဖို့အတွက် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုပေါ့ပေါ့ပါးပါးလေးနဲ့ စမ်းဝတ်ကြည့်ခြင်းဖြင့် ပိုမိုစတိုင်လ်ကျတဲ့ပုံစံကို ဖန်တီးလိုက်ပါနော်။