သင့်ကို ၁၀ နှစ်လောက် ငယ်ရွယ်သွားစေမယ့် ဆံပင်ပုံစံ ၅ မျိုး

သင့်ရဲ့ ဆံပင်ကို ပုံစံအမျိုမျိုးနဲ့ထားကြည့်ဖူးလား။
ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ အလှတွေအကြည့်တွေကို အသွင်သစ်တစ်ခုအဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။
ခေတ်ရေစီးကြောင်းအရ Trend ဖြစ်နေတဲ့ ဆံပင်ပုံစံများစွာရှိပါတယ်။ ဒါပေမယ့် သင့်ကို အရွယ်တင် ငယ်ရွယ်သွားနိုင်စေမယ့် ဆံပင်ပုံစံ ရွေးချယ်မှန်ကုန်ဖို့ လိုအပ်ပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်ပုံစံတွေဟာ သင့်ရဲ့ သွင်ပြင် လက္ခဏာ အလှတရားကို ပါဝင်ကူညီပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင့်မျက်နှာပုံစံ အနေအထားနဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်သင့်ပါတယ်။
သင့်ကိုငယ်ရွယ် သွားနိုင်စေမယ့် ဆံပင်ပုံစံတွေထဲက တချို့ကိုတော့ မျှဝေပေးပါရစေ။

ပန်းဖွား
 
သင်ဟာ နဖူးကျယ်မယ် မျက်နှာအသွင်အပြင် ရှည်လျားမယ် ဒါမှမဟုတ် ဘဲဥပုံစံ လိုမျိုးအသွင်အပြင် ရှိနေတဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီ ပန်းဖွားလေးပုံစံဟာ သင့် ရွေးချယ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ ကျယ်နေတဲ့ နဖူးကို Cover လုပ်ပေးနိုင်တဲ့အတွက်ရယ် သင့်မျင်နှာကိုလည်း သေးသွယ်စေနိုင်ပြီး ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ မြင်ရမှပါ။ 


တိုတိုလေးနဲ့ တုံးတုံးလေး
 
များသောအားဖြင့် ဆံပင်အတိုတွေက သင့်ကို ပိုပြီး နုပျိုစေပါတယ်။ ဒီဆံပင်ပုံစံဟာ မိန်းကလေးတစ်ယောက်ကို ငယ်ရွယ်စေပြီး ကြည့်ကောင်းစေပါတယ်။ သည့်အပြင် ဒီဆံပင်ပုံစံကိုပဲ သင်ဟာ တခြားသောပုံစံတွေပြောင်းပေးနိုင်ပါတယ်နော်။ လှိုင်းလေးလိုမျိုး အကောက်လိုမျိုး ပုံသွင်းပြီးတော့လည်း အလှဆင်နိုင်ပါတယ်။ ဆံပင်ပုံစံက မတိုမရှည် ဖြစ်နေတဲ့အတွက် သိမ်းရတာလည်း လွယ်ကူပါတယ်။

နိမ့်ချည်မြင့်ချည် အမြီးတိုတဲ့ပုံစံ
 
ဒီဆံပင်ပုံကတော့ သင့်မျက်နှာကို ငယ်စေနိုင်မယ့် Trend အဖြစ်ဆုံး ဆံပင်ပုံစံလေးပဲဖြစ်ပါတယ်။ ပုံစံလေးကတော့ အနောက်ဘက်မှာ တိုပြီး အရှေ့ဘက်ကျတော့ လုံးဝကို Free လိုမျိုး ရှည်လျားနေတာပါ။ နုပျိုတဲ့အသွင်မျိုးလိုချင်တယ်ဆိုရင်တော့ ဒီပုံစံဟာ  မဆိုးပါဘူးနော်။

မညီမညာ ပွပွလေး
 

ဆံပင်ပါးတဲ့သူတွေ အတွက် အရမ်းကိုအဆင်ပြေနိုင်ပါတယ်။ ဆံပင်ကိုလည်း အချိန်ပေးပြီး အကြာကြီးပုံသွင်းစရာမလိုပါဘူး။ ဒီဆံပင်ပုံစံဟာ သင့်ကိုငယ်ရွယ်စေနိုင်တဲ့အပြင် Strong ဖြစ်စေပါတယ်။ မိမိကိုယ်ကို မိမိလည်းယုံကြည်မှု ဖြစ်စေပါတယ်။

အလွှာလေးများ
 
ရှည်နေတဲ့ဆံပင်ကို မညှပ်ပဲဒီအတိုင်း ပုံစံအသစ်အနေနဲ့ ထားချင်သူများအတွက်။ ဒီဆံပင်ပုံစံဟာ ဆံပင်ရှည်တဲ့သူတွေအတွက် classy ဖြစ်စေပါတယ်။ နန်းဆန်စေပါတယ်။ ပြင်ရင်ပြင်သလို ငယ်ရွယ်တဲ့အကြည့်တွေ ဖြစ်စေနိုင်ပါတယ်။ ဆံပင်အဖြောင့်ပဲဖြစ်ဖြစ် ပါးနေတာပဲဖြစ်ဖြစ် ဒီဆံပင်ပုံစံက အထောက်အကူပေးနိုင်ပါတယ်နော်။

ပိုမိုလှပတဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။