ဆံပင်ပုံစံတွေ ခဏခဏပြောင်းလဲပစ်နေတဲ့ ဝတ်မှုန်ရွှေရည်…။

 ပရိတ်သတ်တွေလည်း အများကြီးရရှိနေတဲ့၊ နုပျိုပြီးချစ်ဖို့ကောင်းတဲ့ဝတ်မှုန်ရွှေရည်က အခုနောက်ပိုင်းမှာ ဆံပင်ပုံစံတွေ အမျိုးမျိုးပြောင်းနေတာကို ပရိတ်သတ်တွေ သတိထားမိပါရဲ့လား…။ အရင်ကဆံပင်ပုံစံကို အရမ်းမပြောင်းလဲတဲ့ ကစ်ကစ်က အခုနောက်ပိုင်းမှာ အရမ်းမိုက်တဲ့ဆံပင်ပုံစံတွေ ပြောင်းလဲပစ်လာပါတယ်…။ သူဘယ်လိုပုံစံတွေပြောင်းလဲလာတယ်၊ ပြီးတော့ သူ့ရဲ့ဆံပင်ပုံစံကို ဘယ်လိုလေးတွေ ထားသလဲဆိုတာ သူမရဲ့ Instagram ကနေ ပရိတ်သတ်တွေသိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်…။

     ဒီပုံလေးကတော့ ၂၀၁၇ New Year Night ကမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ AVA ပွဲတုန်းကပုံလေးပဲဖြစ်ပါတယ်…။ ဆံပင်တွေကိုကောက်ပြီး Flower Crown လေးပဲ တပ်ထားပါတယ်…။ Festival Look လေးပေါ့…။

     ဖေဖော်ဝါရီလ ၂၈ရက်မှာတုန်းက သူမရဲ့ Facebook နဲ့ Instagram မှာတင်လိုက်တဲ့ပုံပဲဖြစ်ပါတယ်…။ သူဒီပုံတင်လိုက်တဲ့အချိန်မှာ အကုန်လုံးက ဟာ…ခနဲ ဟင်…ခနဲ ဖြစ်သွားခဲ့ပါတယ်…။ ဘာလို့ တိုတိုလေးညှပ်လိုက်တာလဲပေါ့…။ တစ်ချို့ကလည်း ဒီပုံကိုကြည့်ပြီး ဆံပင်အတုပါလို့ သတ်မှတ်ကြတာတွေလည်းရှိပါတယ်…။ တကယ်တော့ ဒါကသူမရဲ့ဆံပင်အစစ်ပါ…။

     ဒီပုံလေးတွေကတော့ သူမပြင်ဦးလွင်မှာရှိနေတုန်းက ပုံလေးတွေပဲဖြစ်ပါတယ်…။ ကစ်ကစ်လို့ စပြီးသိကတည်းက ဒီဆံပင်ပုံနဲ့ တစ်ခါမှမမြင်ဖူးပေမယ့် ဒီလို hairstyle မျိုးနဲ့လည်း သူကလိုက်ဖက်လို့နေပါတယ်…။

     Myanmar Plaza မှာ Kanebo Counter အသစ်ဖွင့်ပွဲတုန်းကတွေ့ရတဲ့ပုံလေးဖြစ်ပါတယ်…။ ဆံပင်အတိုလေးနဲ့လည်း စတိုင်ကျလှပနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်နော်…။

     ဒီပုံလေးကတော့ဇွန်လမှာတုန်းက Instagram မှာတင်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်…။ ဆံပင်အတိုကိုမှ ခဲရောင်ပြန်ဆိုးလိုက်တော့… အလန်းလေးဖြစ်သွားတာပေါ့…။ သူမရဲ့ပရိတ်သတ်တွေကလည်း သူမကိုဒီဆံပင်ပုံလေးနဲ့လည်း နှစ်သက်ကြပါတယ်…။

     ဆံပင်ခဲရောင်နဲ့တုန်းက အလန်းပို့စ်လေးပါ…။ <3

    ဇွန်လ ၂၀ ရက်နေ့မှာတော့ ပန်းရောင်ဆိုးလိုက်ပြန်ပါတယ်… အရောင်တွေလည်း ခဏခဏကိုပြောင်းပြီး…၊ စိတ်တိုင်းကျလုပ်နေတော့တာပါပဲ…။

     ကဲ… အခုနောက်ဆုံးကတော့ ဒီပုံစံပါ… ဆံပင်ပဲဆက်ထားတာလား…။ အတုတပ်ထားတာလားဆိုတာတော့ မသိရသေးပါဘူး…။

     ဒီပုံလေးကတော့ Now Magazine အတွက်ပြင်ဆင်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်…။ ဆံပင်အတုဆိုပေမယ့်လည်း သူမရဲ့ကြည်လင်တဲ့အသားအရေနဲ့ မျက်နှာပုံစံကြောင့် လိုက်ဖက်ပြီး အရုပ်မလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပါတယ်…။