ကမ္ဘာ့သမိုင်းတစ်လျှောက်အစဉ်အလာကြီးမားခဲ့တဲ့ စစ်သင်္ဘောကြီး ( ၃ ) စီး အကြောင်း

ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု .. ပင်လယ်ပြင်ကိုပိုင်စိုးမှု နဲ့ တစ်ခြားနိုင်ငံတွေအပေါ်မဟာဗျူဟာအရလွှမ်းမိုးနိုင်စွမ်းရည်တွေကိုကြည့်မယ်ဆိုရင် ( ကျွန်တော့်အထင်ကတော့ ) စစ်သင်္ဘောတွေက အခရာကျတယ်လို့ထင်တယ် ..။

ဟိုးအရင် ၁၉ရာစုကနေ အခုခေတ်အထိ .. လက်ရုံးရည်ခြင်းယှဉ်ပြိုင်ကြတဲ့အချိန်ကနေ ခလုတ်တစ်ချက်နှိပ်တာနဲ့ လူထောင်သောင်းမကကို မဟာအဝီစိကိုပို့ပစ်နိုင်တဲ့ အချိန်အထိ စစ်သင်္ဘောကြီးတွေက အဓိကအခန်းကဏ္ဍကနေပါဝင်နေတုံးပါပဲ ..။  သယ်ယူပို့ဆောင်ရေးတွေ..၊ မဟာဗျူဟာမြောက် ကမ္ဘာပတ်စစ်ဆင်ရေးတွေ ..၊ ရန်သူကိုခေါင်းမထောင်နိုင်အောင် စုပြုံပစ်ခတ်တဲ့နေရာတွေမှာဆိုရင် စစ်သင်္ဘောကြီးတွေရဲ့ စွမ်းရည်ကိုအားကိုးနေရတုံးပဲလေ …။ကြည်းတပ်နဲ့ ရေတပ်ရဲ့ တိုက်ခိုက်မှုစွမ်းအင်နဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တောင်မှ ခဲယမ်းမီးကျောက်နဲ့ ပေါက်ကွဲပစ္စည်း တန်ချိန်ပေါင်း ၅၀၀ လောက်ကိုတစ်မိနစ်တည်းနဲ့ စုပြုံပစ်ခတ်နိုင်ပြီး ရန်သူကို စိစိညက်ညက်ကြေသွားအောင် အမှုန့်ချေပစ်နိုင်တဲ့ Fire Power မျိုးကိုပိုင်ဆိုင်ထားတဲ့ ယန္တရားကြီးတွေပေါ့ …။

အဲဒီယန္တရားမျိုးကြီးတွေ ကမ္ဘာ့သမိုင်းမှာဘယ်လိုလွှမ်းမိုးခဲ့လဲကြည့်ရအောင် …. ။

KRIEGSSCHIFF BISMARCK 

1936 ဇူလိုင်လမှာ ပထမဆုံးရေချခဲ့တဲ့ သင်္ဘောကြီး .. ဟမ်းဘက်က Blohm & Voss သင်္ဘောကျင်းမှာ တစ်ပတ်လောက်သာအချိန်ဆိုင်းပြီး ရှေ့တန်းဥရောပစစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့သွားရောက်ခဲ့တယ် .. ဂျာမနီအဓိပတိကြီး ဟစ်တလာရဲ့ ဂုဏ်ရောင်ကိုထွန်းပြောင်စေတဲ့အရာတွေထဲမယ် ဘစ်စမက်သင်္ဘောကြီးကို ချန်ခဲ့လို့ဘယ်ရမလဲလေ ..။

သင်္ဘောကြီးရဲ့နာမည်ဟာ ဂျာမန်ဗိုလ်ချူပ်ကြီးတစ်ဦးဖြစ်တဲ့ အော်တိုဗွန်ဘစ်စမက် ရဲ့နာမည်ကိုဂုဏ်ပြုလို့ပေးထားတာဖြစ်ပါတယ် ..။ ရေတပ်ကွန်မန်ဒါ အားနတ်စ်လင်းမန်းက သင်္ဘောကိုဦးစီးတာဖြစ်ပြီး ၁၉၄၁ မေလ ၁၈ မှာတော့ ဂျာမန်သင်္ဘောအုပ်စု နဲ့ အင်္ဂလိပ်စစ်သင်္ဘောတွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဒိန်းမတ်ရေလက်ကြား မှာစတင်ခဲ့တယ် ..။ အဲဒီတိုက်ပွဲကို ဒိန်းမတ်တိုက်ပွဲလို့ခေါ်ပြီး ဘစ်စမက် နဲ့ သူ့နောင်တော်သင်္ဘောကြီး တာပစ်ဇ် တို့လက်ချက်ကြောင့် အင်္ဂလန်တော်ဝင်ရေတပ်က ဖျက်သင်္ဘောကြီး HMS Hood နစ်မြုတ်ခဲ့သလို HMS Prince of Wales ဟာလည်း အပျက်အစီးများစွာနဲ့ ဆုတ်ခွာခဲ့ရတယ် .. ။ဒါဟာ ဘစ်စမက်ရဲ့အောင်မြင်မှုတွေထဲကအကြီးကျယ်ဆုံးပါ ..။

ဒါပေမဲ့ နောက်နှစ်ရက်အကြာ ပြင်သစ်ရေလက်ကြားကိုသွားတဲ့လမ်းမှာတော့ ဘစ်စမက် ပါဝင်တဲ့ဂျာမန်ရေတပ်ဟာ အင်္ဂလိပ်လေယာဉ်တင်သင်္ဘော HMS Ark Royal ဦးဆောင်တဲ့ ကလဲ့စားချေတိုက်ခိုက်မှုမှာနစ်မြုပ်ခဲ့ရပါတယ် ..။ အဲဒီတိုက်ပွဲမှာတော့ အင်္ဂလန်ဘက်က စပစ်ဖိုင်းယားတိုက်လေယာဉ်တွေ Fairy Swordfish အမျိုးအစား သင်္ဘောဖျက်တော်ပီဒိုတင်လေယာဉ်တွေ .. ဖျက်သင်္ဘောတွေ နဲ့ တိုက်ပွဲဝင်စစ်သင်္ဘောကြီးနှစ်စင်း ပါဝင်တဲ့ ရေတပ်သင်္ဘောအုပ်က ဂျာမန်သင်္ဘောအုပ်စုကို ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြတာဖြစ်တယ် ..။ ဂျာမန်သင်္ဘောသားပေါင်း ၂၃၇၀ လောက်အသက်ဆုံးရှုံးခဲ့ရပြီး ဘစ်စမက်ဟာလည်း အင်္ဂလိပ်တို့ရဲ့ အငြိုးတကြီးအမြောက်ဆံတွေ တော်ပီဒိုတွေ နဲ့ စက်အမြှောက်ကျည်ဆံတွေအောက်မှာ မရှုမလှနစ်မြုပ်ခဲ့ရပါတော့တယ်..။

SUZUYA YAMATO 

ဂျပန်ဘုရင့်တပ်မတော်ရဲ့ အစောပိုင်းတည်ဆောက်မှုတွေထဲ အအောင်မြင်ဆုံးကတော့ အာရီဆာကာ ရိုင်ဖယ် တွေနဲ့ တိုက်သင်္ဘောကြီး ယာမာတို ပဲ ..။

အနောက်နိုင်ငံတွေမှာ စစ်ရိပ်စစ်ငွေ့တွေသန်းနေကတည်းက ဧကရာဇ် ဟီရိုဟီတိုဟာ ဂျာမန်အဓိပတိ ဟစ်တလာ ..၊ အီတလီအာဏာရှင် မူဆိုလီနီ တို့နဲ့ပူးပေါင်းပြီး ကမ္ဘာကြီးကို သုံးပိုင်းပိုင်းဖို့အကြံရှိခဲ့တယ် ..။ သူ့ရဲ့အိပ်မက်ကတော့ အရှေ့တောင်အာရှနဲ့ တောင်ပစိဖိတ်ဒေသမှာ ဂျပန်ရဲ့ နေဝန်းနီအလံတွေကြီးစိုးဖို့ပါ ..။ ဧကရာဇ် ဟာ အာဏာစက်ပြန့်ပွားဖို့ဆိုရင် ပင်လယ်ပြာရေတပ်ကြီးကိုပိုင်ဆိုင်ထားမှဖြစ်မယ်ဆိုတာလည်းသဘောပေါက်ခဲ့တယ် .. ။အဲဒီအတွက်ကြောင့်  စစ်သင်္ဘောကြီးတွေကို ၁၉၃၉ ကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပါတယ် ..။

ယာမာတိုမှာတပ်ဆင်ထားတဲ့ လက်နက်တွေထဲ အင်အားအပြင်းဆုံးကတော့ ၄၆ဝမမ ပင်မအမြှောက်ကြီး( ၉ ) လက် ဖြစ်တယ် ..။ ယာမာတိုနဲ့ အပြိုင်တည်ဆောက်ခဲ့တဲ့ သူ့ရဲ့ညီတော်တွေကတော့ တိုက်သင်္ဘောကြီး မူဆာရှီ နဲ့ လေယာဉ်တင်သင်္ဘော ရှီနာနို တို့ဖြစ်ပါတယ်..။ အမေရိကန် ရေငုပ်သင်္ဘောတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် သင်္ဘောအုပ်စုနဲ့ထပ်ချပ်မကွာလိုက်ပါရင်း တိုက်ပွဲတွေအများကြီးကြုံခဲ့တယ် .. တိုက်ပွဲတိုင်းလည်းနိုင်ခဲ့တာချည်း …။

ဒါပေမဲ့ ယာမာတို အတွက်ကြမ္မာငင်လာတဲ့ အချိန်ကတော့ ၁၉၄၄ အောက်တိုဘာလ ၅ ရက်နေ့ လေတေးပင်လယ်ကွေ့ တိုက်ပွဲမှာပေါ့ …။ ကွန်မန်ဒါ ကူရီတာ ရဲ့ "နောက်မဆုတ်စတမ်းအမိန့်" အောက်မှာ ဂျပန်ရေတပ်သားပေါင်း ၄၀၀၀ နီးပါးဟာ ယာမာတို နဲ့အတူ အသက်အသေခံပြီးတိုက်ပွဲဝင်သွားခဲ့ကြတယ် ..။ ယာမာတို ဟာ အမေရိကန်ရေတပ်ရဲ့ တိုက်သင်္ဘောကြီးသုံးစင်း၊ နာမည်ကျော်ရေငုပ်သင်္ဘော Archerfish နဲ့ ပီ ၃၉ မတ်စတန် တိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်နစ်မြုတ်ခဲ့တာဖြစ်တယ် ..။

ပိုပြီးထူးခြားတာက ယာမာတို ရဲ့ ညီတော်တွေဖြစ်တဲ့ မူဆာရှီ နဲ့ ရှီနာနို တို့လည်းအဲဒီတစ်ရက်တည်းမှာတင် အတူတူနစ်မြုတ်ခဲ့တာဖြစ်ပါကြောင်း ..။

Battleship HMS Missouri

၂၀ ရာစုစစ်မြေပြင်ရဲ့ အသက်အကြီးဆုံး နဲ့ တိုက်စွမ်းရည်အမြင့်မားဆုံး စစ်သင်္ဘောကြီးပေါ့ .. ၁၉၀၀ ခုနှစ်ထဲကတည်ဆောက်ထားတာဖြစ်ပြီး အဆင့်ဆင့်မွမ်းမံမှုတွေကနေ နောက်ဆုံး ဒုတိယကမ္ဘာစစ်ကြီးတောက်လျှောက်ကြောက်ခမန်းလိလိ ရေပြင် မြေပြင် ပစ်အားတွေ ပံ့ပိုးပေးခဲ့ပြီး အမေရိကန်ရေတပ်သာမက တစ်နိုင်ငံလုံးအတွက် အောင်မြင်မှုတွေကိုဆောင်ကျဉ်းပေးခဲ့တဲ့ သင်္ဘောကြီးပါ ..။

Iowa ပထမတန်း အမျိုးအစားသင်္ဘောကြီးမှာ တာဝေးပစ် ပင်မအမြှောက်ကြီး ၁၂ လက် ..၊ ဘော်ဖာအမျိုးအစား( ကျွန်တော်တို့ မြန်မာမှာတော့ တံမြက်စည်း ခေါ်တာပေါ့ ) စက်အမြှောက်တွေ ..၊ လေယာဉ်ပစ်စက်သေနတ်တွေ ..၊ တာဝေးပစ်ရော့ကတ်စင်တွေ အပါအဝင် ရေငုပ်သင်္ဘောဖျက်စီးဖို့အတွက်ပါ သမားရိုးကျ တော်ပီဒိုတွေကို တပ်ဆင်ထားပါတယ် ..။

အမေရိကရဲ့ ရေတပ်သမိုင်းထဲ ရှုံးပွဲမရှိ တိုက်သင်္ဘောကြီးစာရင်းမှာ ထိပ်ဆုံးကဖြစ်ပြီး တူရကီ .. ၊ဖိလစ်ပိုင် .. ၊အိုကီနာဝါ .. ၊ဆိုင်ပန် နဲ့ ပစိဖိတ်ဒေသ ရေပြင်တွေမှာ တိုက်ပွဲပေါင်းများစွာနွှဲလာတဲ့ သင်္ဘောကြီးလဲဖြစ်တယ် .. ။မစ်ဆူရီကို ပိုပြီး သမိုင်းဝင်သွားစေတဲ့အချက်ကတော့တိုကျိူပင်လယ်အော်မှာ ဂျပန်ရဲ့အတိအလင်းလက်နက်ချတာကို ဗိုလ်ချူပ်ကြီး မက်အာသာ အသိအမှတ်ပြု မိန့်ခွန်းပြောတဲ့အချိန်ဖြစ်ပါတယ် ..။ မစ်ဆူရီသင်္ဘောကြီးနောက်ခံထားလို့ ဗိုလ်ချူပ်ကြီး မိန့်ခွန်းပြောနေတဲ့ပုံရိပ်ဟာ အမေရိက ရဲ့ဂုဏ်ရောင်ကိုပိုပြီးထွန်းပြောင်စေတဲ့အချက် မဟုတ်လား ..။

မစ်ဆူရီသင်္ဘောကြီးဟာ စစ်ကြီးပြီးချိန်အထိ မပျက်မစီးပဲ အမေရိက အပေါ် သစ္စာရှိရှိတိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တော်ကောင်းတစ်ဦးဆိုရင်လဲ မမှားဘူးပေါ့ ….။







X