လူတွေသင့်ကိုမုန်းတီးတဲ့အခါ သင့်ဘက်က နေထိုင်ပြရမယ့်အချက် (၅) ချက်

သင့်အပေါ် ကောင်းတဲ့လူ ဘယ်နှစ်ယောက်ပဲရှိရှိ၊ သင့်ကို ကြည့်လို့မရတဲ့လူ ရှိကိုရှိတယ်ဆိုတာ သင်ကြားဖူးမှာပါ။ ဒါကြောင့်မို့လို့ အဲ့ဒီအတွက်နဲ့ သင့်ရဲ့တန်ဖိုးရှိလွန်းတဲ့အချိန်တွေကို အကုန်မခံလိုက်ပါနဲ့။ သင့်သိလား အမုန်းခံရတာဟာ အောင်မြင်မှုတစ်ခုပါပဲဆိုတာ။ အဲအောင်မြင်မှုက သင့်ကို အန္တရာယ်မဖြစ်စေနိုင်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ဖန်တီးပေးနိုင်တယ်ဆို အသေအချာပါပဲ။

တကယ်တမ်းကျတော့ လူတွေရဲ့ စေညွှန်းရာအောက်မှာဖြစ်ဖြစ် သူတိုကျေနပ်အောင်နေရမယ့်ပုံစံပဲဖြစ်ဖြစ် ကိုယ့်စိတ်ဆန္ဒမပါပဲ သူတို့စိတ်ကြိုက်နေရခြင်းဟာ ရှင်လျက်နဲ့သေနေသည့်အလားပင်။ ဘာဖြစ်လို့လဲဆိုတော့ သင်လုပ်ချင်တာ သင်ဖြစ်ချင်တာ လုပ်ခွင့် ဖြစ်ခွင့်မရလို့ပါ။ ဒါကြောင့်မို့လို့ သင်ဘာပဲလုပ်လုပ် သင့်ကိုသဘောမကျတဲ့သူတွေရှိနေရင် စိတ်ထဲမထားပဲ ကိုယ်မှန်တာ ကိုယ်လုပ်ဖို့က အရေးကြီးပါတယ်။

 အကယ်၍ သင့်စိတ်ထဲမှာ “ လူတွေက ငါ့ကို ဘာလို့မုန်းနေကြတာလဲ” ဆိုပြီး တွေးနေတုန်းပဲဆိုရင် Taylor Swift ရဲ့ Shake If Off ကို Download ဆွဲပြီးသာ နားထောင်ကြည့်လိုက်တော့။ အသုံးမဝင်တဲ့မေးခွန်းတွေကို ရှင်းထုတ်လိုက်ပါ။ နောက်တစ်ခုကတော့ လူတွေ သင့်ကို မုန်းနေတယ်ဆိုရင်တော့ သင့်ဘက်က စိတ်ဆင်းရဲ စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။

ဘာကြောင့် သူတို့ သင့်ကို မုန်းနေတာလဲဆိုရင်တော့

သင်ဟာ သင့်ဘဝအတွက် သင်နေချင်သလို နေနေလို့


သင်သိလား။ ကိုယ်နေတတ်သလို (Respect မရှိတာကို ပြောခြင်းမဟုတ်ပါ။) နေနိုင်ခြင်း၊ သူတစ်ပါးကို ထိခိုက်မှုမရှိပဲ ကိုယ့်အောင်မြင်မှုလမ်းကြောင်းအတွက် ယုံကြည်မှုရှိရှိနေနိုင်ခြင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ့်ခံစားချက်နဲ့နေနိုင်ခြင်းအရသာဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ လူတွေတော်တော်များများက သင့်ကို မုန်းချင်မုန်းနေပါ့လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခိုင်းတာကို သူတို့လုပ်စေချင်တာ တခုခုကို သင်မလုပ်ပေးလို့ပါ။ ဆိုလိုချင်တာက သင်ပျော်တာကိုပဲ သင်လုပ်နေလို့ပါ။

သူတို့ သင့်ကိုမသိဘူး


သင်ကြုံဖူးမှာပါ။ တချို့သူတွေက သင့်ကို သိလည်းမသိပဲနဲ့ ထူးဆန်းတဲ့အကြည့်တွေ တခါတည်း သင့်ကို လာသတ်တော့မလိုလို ပုံစံနဲ့လေ။ အဲဒါအပြင် သူတို့ သင့်ကို ကြည့်လို့မရတိုင်း တခြားလူတွေပါ သင့်ကိုမုန်းသွားအောင် မြူဆွယ်တာက ရှိသေးတယ်။ ဂရုစိုက်မနေပါနဲ့။ သင့်အကြောင်း သင်ကိုယ်တိုင်သာ အသိဆုံးမို့ အေးအေးဆေးဆေးပဲ နေလိုက်ပါ။


သူတို့သင့်ကိုမနာလိုတာ


သူငယ်ချင်းကြားမှာပဲဖြစ်ဖြစ် ချစ်သူကြားမှာပဲဖြစ်ဖြစ်  မနာလိုခြင်းဟာ ကောင်းတဲ့အရာတစ်ခုမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် လူတွေက သင့်ကိုမနာလိုလာပြီးဆိုရင် ပုံမှန်အတိုင်းပဲ နေထိုင်ပါ။ သူတို့ဘာသာ သူတို့မနာလိုနေပါစေ။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါ။

သူတို့ဘဝမှာ သူတို့မပျော်တတ်ကြဘူး


တချို့သူတွေက သူတို့ကိုယ်ပိုင်ဘဝလေးထဲမှာ သူတို့မပျော်တိုင်း သူများတွေကိုလည်း မပျော်နိုင်အောင် ဖန်တီးလေ့ရှိတယ်။ မယုံမရှိနဲ့။ သင့်ကိုမုန်းနေခြင်းက သူတို့အတွက် အပြုံးဆိုရင်  သူတို့တွေ ပိုပြုံးနိုင်အောင် သင်နေထိုင်ပြလိုက်ပါ။ သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ်တဲ့။

သင်ဟာ ပြိုင်ဘက်ကင်းပြီး တော်တယ်


တစ်စုံတစ်ယောက်က သင့်ကိုမုန်းဖို့ကြိုးစားနေတယ်ဆိုရင်တော့ သင်ဟာ အရမ်းတော်တဲ့လူတစ်ယောက်ဖြစ်နေလို့ပဲ ဆိုပြီး တွေးလိုက်ပါ။ သင်သိလား။ လူတွေတော်တော်များများက သူတို့ထက်သာသွားလို့ရှိရင် သူတို့ သဘောမကျတတ်ကျဘူး။

ဒီစာကို ဖတ်ပြီးလို့ သင်လည်း ဒီလိုမျိုးကြုံးဖူးရင် Comment မှာ share ကြည့်လိုက်လေ…