စပ်တဲ့အစားစာ စားတော့မယ်ဆိုရင် ပြင်ဆင်သင့်တဲ့နည်း (၆)နည်း။

     စပ်တဲ့အစားစာတွေကမှ အရသာပိုပြီးပြည့်စုံတယ်လို့ထင်ရပါတယ်…။ တစ်ချို့အစားအစာတွေက အရမ်းမစပ်ပေမယ့် တစ်ချို့ကျတော့ အရမ်းကိုစပ်ပြဲနေတာမျိုး…။

ဒီလိုစပ်တဲ့အစားစာတွေကို စားမိတဲ့အခါမှာ  အများစုကတော့ ရေကိုသောက်ကြပါတယ်…။ဒါပေမယ့် အရမ်းစပ်တာကိုစားမိတဲ့အခါမှာ ရေသောက်လည်းမသက်သာတော့ပါဘူး…။ ဒီတော့ စပ်တဲ့အစားစာတွေကိုစားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်သလဲ…။

( ၁ ) ပြင်ဆင်မှု

- ပထမဦးဆုံးအနေနဲ့ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် စပ်တဲ့အစားစာကိုစားတော့မယ်ဆိုရင် ပြင်ဆင်မှုအနေနဲ့ ချိုတဲ့အစားစာတွေကို အရန်ထားသင့်ပါတယ်…။ ဥပမာ- အအေး၊ ရေခဲမုန့်၊ ချိုတဲ့အစားစာတွေလိုမျိုးပေါ့…။

( ၂ ) ရေခဲမုန့်စားပေးသင့်

- အရမ်းစပ်လာတဲ့အခါမှဆိုရင်တော့ တော်တော်များများက ရေသောက်လေ့ရှိပါတယ်…။ နည်းနည်းလောက်ပဲ စပ်တဲ့ဟာဆိုရင်တော့ ရေသောက်လိုက်ရင် ပျောက်သွားနိုင်ပါတယ်…။ အရမ်းစပ်နေပြီဆိုရင်တော့ ရေသောက်လည်း ရေတွေသာ ဗိုက်ထဲကိုအများကြီး ဝင်သွားမယ်၊ စပ်တာက မြန်မြန်ပျောက်မှာမဟုတ်ပါဘူး…။ ဒီလိုအခါမျိုးမှာ ရေခဲမုန့်စားပေးသင့်ပါတယ်…။  ရေခဲမုန့်စားပေးတဲ့အခါမှာ ရေခဲမုန့်က အချိုဓာတ်နဲ့ အအေးဓာတ်ကြောင့်၊ စပ်နေတာကိုခဏလေးနဲ့ သက်သာသွားစေမှာပါ…။

( ၃ ) သကြား

- နောက်ထပ်တစ်နည်းကတော့ အရမ်းစပ်နေတဲ့အခါမျိုးမှာ၊ သကြားတစ်ဇွန်းကို လျှာပေါ်မှာတင်ထားပြီး စက္ကန့်နှစ်ဆယ်လောက် ကြာတဲ့အခါမှ မျိုချပေးပါက သက်သာစေပါတယ်…။

( ၄ ) ဆား

- နောက်တစ်နည်းကတော့ ဆားပါ…။ ဆားကစပ်တဲ့အရသာတွေကို စုပ်ယူသွားနိုင်စွမ်းရှိတာကြောင့်၊ သင်အရမ်းစပ်နေတဲ့အခါမျိုးမှာ ဆားကိုစားပေးပါကလည်း သက်သာစေပါတယ်…။ 

( ၅ ) ကာဗွန်ဟိုက်ဒရိတ်

- ဘီယာမှာပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်ကလည်း သင့်လျှာပေါ်မှာခံစားနေရတဲ့ ပူစပ်တယ်ဆိုတဲ့ ခံစားမှုကို သက်သာသွားစေပါတယ်…။

( ၆ ) သံပရာသီး

- ချဉ်တဲ့အရသာရှိတဲ့ သံပရာသီး၊ ရှောက်သီးစတာတွေကိုလည်း အနေတော်အစိတ်လေးတွေစိတ်ပြီး ဝါးစားပေးရင်လည်း သက်သာစေပါတယ်နော်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။