ဖျားနေတဲ့အခါ ကိုယ်အပူချိန်လျော့ရန် နည်း(၆)နည်း

     ရာသီအကူးအပြောင်းကာလတွေမှာ တော်တော်များများ ဖျားနာတတ်ကျပါတယ်…။ ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့…။ မိုးရာသီမှာ မိုးမိတာတို့၊ ရာသီအကူးအပြောင်းမှာ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတဲ့အခါမျိုးတွေမှာ ဖျားနာတတ်ကြပါတယ်…။ တကယ်လို့သင်ဖျားနာနေပြီဆိုရင် ကိုယ်ပူက တော်တော်နဲ့မကျတော့ဘူးဆိုရင် ကိုယ်အပူချိန်မြန်မြန်ကျအောင် ဘယ်လိုကုသကြမလဲ…?

(၁)  ပူစီနံရွက်( ၇ )ရွက်နဲ့ ငရုပ်ကောင်းစေ့(၃)စေ့ကို ရောထည့်ပြီး ဝါးစားပေးပါက သင့် ကိုယ်အပူချိန်ကို လျော့နည်းစေပါတယ်…။

(၂) နောက်တစ်နည်းကတော့ ပူစီနံရွက်ကို ရေနွေးဆူဆူထဲကိုထည့်ပြုတ်ပြီး တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်ထိ အဖျားကျသွားတဲ့အထိ သောက်ပေးနိုင်ပါတယ်…။

(၃) ရေချိုးတဲ့အခါမှာလည်း ရေနွေးလေးနဲ့ချိုးပေးသင့်ပါတယ်…။ သင်ချိုးမယ့်ရေနွေးထဲကို ရှာလကာရည် အနည်းငယ်ထည့်ပြီး ချိုးပေးပါက အပူကျစေပါတယ်…။

(၄) မျက်နှာသုတ်ပဝါတစ်ထည်ကို ရေနွေးနွေးလေးထဲကိုနှစ်ပါ…။ ပြီးရင် မျက်နှာသုတ်ပဝါကို ရေညှစ်ပြီး နဖူးပေါ်တင်ပေးလိုက်ပါ…၊ ထပ်ခါထပ်ခါပြုလုပ်ပေးပါက ကိုယ်ပူကျစေပါတယ်…။

(၅) ဖျားနေတဲ့အခါမှာ ရေသောက်ပေးဖို့ကအရမ်းကို အရေးကြီးပါတယ်…။ ဖျားနေတဲ့အခါ ရေကိုမကြာခဏသောက်ပေးပါက သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူချိန်တွေကို လျော့ကျစေပါတယ်…။ ရေသောက်တဲ့အခါမှာလည်း ရိုးရိုးရေအစား သန့်စင်တဲ့ရေကို ကျိုချက်ပြီးသောက်သင့်ပါတယ်…။ ဒါမှမဟုတ် ရေနွေးလည်းသောက်ပေးသင့်ပါတယ်…။

(၆) နောက်တစ်နည်းကတော့ အားလူးတွေကို လှီးပြီး ရှာလာကာရည်ထဲမှာ ၁ဝမိနစ်လောက်စိမ်ထားပေးပါ…။ ပြီးရင်တော့ သင့်နဖူးပေါ်ကို အားလူးတွေကပ်ပေးပြီး အဝတ်တစ်ခုကို အပေါ်ကနေထပ်တင်ပြီး နေပေးပါက အပူကျစေပါတယ်…။

 



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။