မင်္ဂလာဆောင်တဲ့အခါ ဘယ်လိုဂါဝန်လှလှလေးဝတ်မယ်လို့ စိတ်ကူးထားလဲပျိုမေတို့ရေ

မိန်းကလေးတွေရဲ့ စိတ်ကူးအိပ်မက်က မင်္ဂလာဆောင်တဲ့အခါ အလှဆုံးဂါဝန်လေး ဝတ်ချင်ကြတာ ဖြစ်ပါတယ်…။ ဧည့်ခံပွဲမှာ မြန်မာထိုင်မသိမ်းဝတ်စုံ ဝတ်ရမယ်ဆိုရင်တောင် Pre Wedding ဓာတ်ပုံရိုက်ကူးတဲ့အခါ ဒါမှမဟုတ် မင်္ဂလာညစာစားပွဲမှာ အနောက်တိုင်းဂါဝန်ဆန်းဆန်းလေးတွေ ဝတ်လို့ရတာပေါ့…။ ဘယ်လိုဂါဝန်လေးဝတ်မယ်လို့ စိတ်ကူးထားလဲ ပျိုမေတို့ရေ…။ ဒီဂါဝန်လေးတွေထဲက ဘယ်ဒီဇိုင်းကကိုယ်နဲ့လိုက်ဖက်မလဲရွေးချယ်ကြည့်ကြပါဦးနော်…။

(၁) ပုံပြင်ထဲက မင်းသမီးလေး
ဒီလိုဂါဝန်မျိုးကို ပန်းရောင်(သို့) အပြာရောင် ရွေးချယ်ဝတ်ရင်တော့ ပုံပြင်ထဲက မင်းသမီးလေးလို အရမ်းလှနေမှာနော်…။


(၂) ရိုးရိုးလေးနဲ့လည်း လှတယ်
ရှုပ်ယှက်ခတ်တာတွေ မကြိုက်ဘူးဆိုလည်း ဒီလိုရိုးရိုးရှင်းရှင်းလေး ရွေးဝတ်လို့လည်း အဆင်ပြေတယ်နော်…။ တကယ်ကျော့မော့နေတဲ့ သင့်အလှကို ပေါ်လွင်စေပြီး ရိုးရိုးလေးကလည်း အလှဆုံးဖြစ်နိုင်တာပေါ့…။


(၃) ရေသူမလေးရဲ့အလှ
အနီရောင်တောက်တောက်ကြိုက်သူတွေအတွက် ရေသူမလေးလို ချုပ်ထားတော့ မြင်သူတိုင်း ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲ…။


(၄) ဘယ်တော့မှ မရိုးတဲ့ဒီဇိုင်း
အထပ်ထပ်လေးတွေနဲ့ဆိုတော့လည်း တစ်မျိုးဆန်းတာပေါ့…။ ပိန်ပိန်သွယ်သွယ်သတို့သမီးနဲ့ဆိုရင် လိုက်မှလိုက်ပါပဲ…။


(၅) မြင်သူတိုင်းငေးစေမယ်
နောက်ကျောအလှဖော်ချင်တယ်ဆိုရင် ဒီလိုလေးရွေးလည်းရတယ်နော်…။ ခါးကိုသွယ်သွားစေပြီး လူတကာငေးမောသွားမယ့်
အလှမျိုးပေါ့…။

(၆) ဆယ်ကျော်သက်လေးလိုအလှမျိုး
လွတ်လွတ်လပ်လပ်ဖြစ်မယ့် ဂါဝန်အတိုလေးတွေဆိုရင် ပေါ့ပါးပြီး မင်္ဂလာပွဲနေ့မှာ သွက်လက်နေမှာပါနော်…။


(၇) တော်ဝင်မင်းသမီး
တော်ဝင်ဆန်တဲ့အလှမျိုးဆိုရင်တော့ ဒီလိုဂါဝန်မျိုးရွေးချယ်သင့်ပါတယ်…။ ကျော့ရှင်းပြီး သတို့သားကပါ အံ့သြမှင်သက်သွားမယ့် အလှမျိုးပိုင်ဆိုင်စေမှာပါ…။

(၈) ခေတ်ပေါ်ဒီဇိုင်းဆန်းဆန်းလေး
ခေတ်ပေါ်ဝတ်ချင်တယ်ဆိုရင် ဒါလေးကအခုနောက်ပိုင်းလူကြိုက်များတဲ့ ဒီဇိုင်းပါ…။ ခါးပတ်လည်မှာ ပိတ်စတစ်ထပ်ပါပြီး အင်မတန်လှပတဲ့ ဝတ်စုံဒီဇိုင်းလေးပါနော်…။ သင့်အလှည့်ကျရင်ရော ဘယ်လိုဒီဇိုင်းဝတ်မှာလဲဆိုတာ ရွေးကြည့်လိုက်ပါဦး…။