သောက်စရာ အအေးသက်သက်မဟုတ်ပဲ လှပခြင်းရဲ့ လျို့ဝှက်ချက်လဲဖြစ်တဲ့ Sparkling Water

     မျက်နှာသစ်တဲ့အခါမှာ ရိုးရိုးရေနဲ့မသစ်ပဲ Sparkling Water နဲ့သစ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားရေကို ချောမွေ့ပြီး အပြစ်အနာဆာကင်းစေမှာပဲဖြစ်ပါတယ်…။ Sparkling Water ဆိုတာ Carbonated အရည်တစ်မျိုးလည်းဖြစ်ပါတယ်…။ ရေထဲမှာ ဆိုဒါအနည်းငယ်ပါဝင်နေပြီး အမြုပ်ထနေတဲ့အရည်မျိုးပါနော်…။ တော်တော်များများလည်း Sparkling Water ကိုသောက်ဖူးမယ်လို့ထင်ပါတယ်…။ Sparkling Water ကိုဖျော်ရည်တစ်မျိုးအနေနဲ့ပဲ သောက်သုံးနေကြပေမယ့်လည်း အလှအပအတွက်မှာအသုံးဝင်နေမယ်လို့ ဘယ်သူမှသတိမထားမိကြပါဘူး…။

  ဒါဆို Sparkling Water ကအလှအပအတွက် ဘယ်လိုမျိုး အသုံးဝင်တာလဲ ???

- Sparkling Water က မျက်နှာအသားအရေကို ကြည်လင်ပြီးချောမွေ့စေပါတယ်…

     မျက်နှာသစ်တဲ့အခါမှာ Sparkling Water ကိုအသုံးပြုမယ်ဆိုရင်တော့ မျက်နှာအသားအရေကို ပိုမို ကြည်လင်ပြီးချောမွေ့စေမှာပါ။မျက်နှာမှာရှိနေတဲ့ အညစ်အကြေးတွေက မျက်နှာသစ်ဆေးတွေနဲ့ သစ်ရင်တောင်သေချာပြောင်စင်သွားတာမျိုး မရှိပါဘူး…။ ဒါပေမယ့် Sparkling Water နဲ့သစ်မယ်ဆိုရင်တော့ အချိန်တိုလေးအတွင်းမှာတင် ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ခံစားရမှာပဲဖြစ်ပါတယ်…။

- Sparkling Water ရဲ့ လုပ်ဆောင်နိုင်စွမ်း…

     Sparkling Water နဲ့မျက်နှာကို သန့်စင်ပေးမယ်ဆိုရင်တော့ မျက်နှာမှာရှိနေတဲ့အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်မှာ ဖြစ်သလို မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်ထဲကအညစ်အကြေးတွေကိုလည်း သေချာသန့်စင်ပေးနိုင်ပါတယ်။ ချွေးပေါက်ထဲကိုလည်းရေဓာတ်ပြန်လည် ဖြည့်တင်းပေးတာကြောင့် ချွေးပေါက်ပိတ်ပြီး မျက်နှာအသားအရေမှာ ဝက်ခြံဖြစ်တာမျိုးတွေကိုလည်း လျော့နည်းစေမှာပါ။

- Sparkling Water ကိုဘယ်လိုသုံးရမလဲ…

     မျက်နှာသစ်တော့မယ်ဆိုရင် ဇလုံတစ်ခုထဲကို Sparkling Water တွေထည့်ပြီး မျက်နှာကိုစိမ်ပေးပြီး သစ်လိုက်လို့လည်းရပါတယ်…။ ပုံမှန်မျက်နှာသစ်တဲ့ပုံစံတိုင်းသစ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်…။ နေ့တိုင်းနီးပါးလုပ်ပေးစရာမလိုပါဘူးနော်…။ တစ်ပတ်မှာနှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင်ပဲ ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ရရှိလာမှာပါ။

ကဲ Sparkling အကြောင်းလည်းသိပြီဆိုတော့ အအေးလေးလဲသောက် ပိုပိုပြီးလဲလှအောင် ခုပဲသွားဝယ်ထားလိုက်တော့လေ :D 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။