ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေသူများအတွက်နည်း (၃) နည်း

ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးပေါင်းတင်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်....။ မျက်နှာမှာ ချွေးပေါက်လေးတွေ ကျယ်လာရင် ဂရုတစိုက်နဲ့ပြန်ပြီး Treatment ယူသင့်ပါတယ်။ ဒီနေရာမှာ ဆိုင်တွေသွားပြီးလုပ်တာထက် မိမိအိမ်မှာလုပ်လို့ရနိုင်တဲ့ နည်းတွေကို ဖော်ပြလိုက်ပါတယ်။ ချွေးပေါက်ဆိုတာ ချက်ချင်းကြီးတော့ ကျဉ်းသွားမှာ မဟုတ်ပါဘူး။ မိမိဘက်က စိတ်ရှည်ရှည်လေးနဲ့ ဒီနည်းလေးတွေကို တစ်ပတ်ကို ၂ခါလောက်စွဲမြဲလုပ်သွားမှသာ သိသာလာမှာပါ။ ကဲ နည်းလေးတွေကို ကြည့်ရအောင်နော်.....

(၁) ကြက်ဥနဲ့ သံပုရာသီး

ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ပန်းကန်လုံးထဲကို ကြက်ဥအကာတစ်လုံးဖောက်ထည့်ပြီး သံပုရာသီးတစ်ခြမ်းကိုပါ အရည်ညှစ်ထည့်လိုက်ပါ...။ ပြီးရင် သုံးမိနစ်လောက်ကြာအောင် ခလောက်ပြီးမွှေပေးပါ...။ မွှေပြီးသွားပြီဆိုရင်တော့ မျက်လုံးနားတစ်ဝိုက်ကိုချန်ထားပြီး မျက်နှာအနှံ့ကိုလိမ်းပေးရမှာပါ...။

မိနစ်သုံးဆယ်လောက်ကြာရင် ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ...။

ပြီးရင်တော့ ရေဓာတ်ဖြည့်ပြီး အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုကိုသာလိမ်းထားလိုက်ပါ....။

(၂) ငှက်ပျောသီး နဲ့ ပျားရည်

ပန်းကန်လုံးထဲမှာ ငှက်ပျောသီးကိုချေပြီး အဲ့ထဲကို ပျားရည်သင့်တော်သလောက်ထည့်ပါ...။ ပြီးရင် သမအောင်မွှေပေးပြီး ပျစ်သွားတဲ့အခါကျမှ မျက်လုံးနားတစ်ဝိုက်ကိုချန်ပြီး မျက်နှာပေါ်အနှံ့လိမ်းပေးရမှာပါ...။ ဆယ်မိနစ်လောက်နေရင် ရေကြက်သီးနွေးလေးနဲ့ဆေးချပြီး ခုနကလိုပဲ ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တစ်ခုခုကိုလိမ်းထားလိုက်ပါ...။

(၃) ဘေကင်ပေါင်ဒါနဲ့  ရေ
ဘေကင်ပေါင်ဒါကို လက်ဖက်စားဇွန်းအသေးနဲ့ ၂ဇွန်းစာ ယူပြီး ရေ ၂ဇွန်းစာ (လက်ဖက်စားဇွန်း) နဲ့ရောမွှေပြီး အနှစ်ဖျစ်အောင် ဖျော်ပါ။ မျက်လုံးကိုချန်ထားပြီး မျက်နှာကိုလိမ်းပေးပြီး ၁၅ မိနစ်ထားပေးပြီး ရေအေးဖြင့်ဆေးကြောပေးပါ။ မျက်နှာလေးတင်းပြီး ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာပါလိမ့်မယ်။

ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်မယ်ဆိုရင်တော့ ချွေးပေါက်လေးတွေကျဉ်းပြီး ချောမွေ့ကြည်လင်တဲ့ မျက်နှာလေးကိုပိုင်ဆိုင်လာမှာပါ....။