ပိုပိုပြီးလှလာတဲ့ အပျိုကြီးမမများ…

     ငယ်ငယ်ထဲကနေ အခုချိန်ထိအားပေးခဲ့ရတဲ့ မင်းသမီးတွေထဲမှာ အခုထိ Single ပဲဖြစ်နေတဲ့ အပျိုကြီးမမတွေ ရှိနေပါသေးတယ်…။ နောက်ပြီး အရင်ကထက်လည်းပိုပိုပြီးတော့ လှလာကြပါတယ်နော်…။ ကဲ… အပျိုကြီးမမ လှလှတွေက ဘယ်သူတွေများဖြစ်မလဲ .. ကြည့်ရအောင်…။

     ပထမဦးဆုံးဖော်ပြချင်တာကတော့ မြန်မာအင်္ကျီလေးတွေဝတ်တဲ့၊ အလှဖွဲ့ကဗျာလေးတွေနဲ့အမွှန်းတင်ခံရတဲ့အပြင် မိနစ်တိုင်းမှာ Follower တွေတိုးတိုးနေတဲ့ အေးသောင်းလို့ အများသိကြတဲ့ အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်နော်…။ သူကတော့အနုပညာလုပ်ငန်းတွေ သိပ်မလုပ်ဖြစ်တော့ပဲ ပျောက်နေတာကြာပြီးမှ Facebook ပေါ်မှာသူမရဲ့ ဓာတ်ပုံတွေ အင်တာဗျူး ဗီဒီယိုဖိုင်တွေကနေ ပြန်ပြီးလူသိများလာတာပဲ ဖြစ်ပါတယ်…။ အပျိုကြီးမမကို တည်တည်ငြိမ်ငြိမ်ပုံစံလေးနဲ့ တွေ့မြင်နေရတာပဲဖြစ်ပါတယ်နော့ …။

     နောက်ထပ်တစ်ယောက်ကတော့ သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်…၊ အနုပညာလမ်းကြောင်းထဲကို စတင်ဝင်ရောက်ထဲက ရုပ်ရှင်တွေအရမ်းရိုက်ရပြီး လူကြိုက်လည်းများခဲ့ပါတယ်…။ အခုနောက်ပိုင်းမှာတော့ အရင်ကထက်ပိုပြီး သရုပ်ဆောင်ကောင်းလာသလို ပိုပြီးလည်းလှလာခဲ့ပါတယ်…။ မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်ပြီး အရမ်းမိုက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့လည်း ကြည့်ကောင်းနေတဲ့သူတစ်ယောက်ပါ…။ သူမကို ကြိုက်တဲ့ သူမရဲ့ ဖန်တွေက အရင်ကထက်ပိုပြီးတော့များလာခဲ့ပါတယ်…။

     စကားသံဝဲဝဲလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အပျိုကြီးမမနောက်တစ်ယောက်ကတော့ ခင်လေးနွယ်ပဲဖြစ်ပါတယ်…။ အနုပညာလမ်းကြောင်းထဲကို သူငယ်ချင်းတွေတူတူဝင်လာပြီး သူငယ်ချင်းတွေအကုန်လုံးနီးပါး အိမ်ထောင်တွေကျ၊ ကလေးတွေရသွားတာကြောင့် သူမကိုယ်သူမလည်း အပျိုကြီးစာရင်းသွင်းလိုက်ပါပြီလို့ ပြောလာပါတယ်…။ အခုလက်ရှိမှာ အနုပညာဘက်ကိုသိပ်မလုပ်ဖြစ်တော့ပဲ စီးပွားရေးဘက်ကိုပဲ ပိုဦးစားပေးပြီး လုပ်နေတာတွေ့ရပါတယ်…။

     ကဲ… နောက်ထပ်တစ်ယောက်ကတော့ အေးမြတ်သူပဲဖြစ်ပါတယ်နော်…။ အပျိုကြီးစာရင်းဝင်မမတစ်ယောက်ပါပဲ…။ အခုနောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အိုက်တင်တွေ သရုပ်ဆောင်ချက်တွေ ကြောင့် လူကြိုက်ပိုများလာခဲ့ပြီး ဇာတ်ကောင်မျိုးစုံကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပါ…။ အရင်ကထက်ပိုပြီး လန်းတဲ့ဖက်ရှင်ဒီဇိုင်းတွေ ..၊ ပိုကောင်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အေးမြတ်သူ တစ်ခေတ်ပြန်လာပြီလို့ပြောရမှာပေါ့…။

     နောက်ဆုံးမှာတော့ မိတ်ကပ်မပြင်ရင်တောင်လှတဲ့ မိုးဟေကိုပဲဖြစ်ပါတယ်…။ တည်တည်ငြိမ်ငြိမ်နဲ့ ရိုးရှင်းပြီးလှပတဲ့ မိုးဟေကိုကလည်း အပျိုကြီးမမစာရင်းဝင်ပဲဖြစ်ပါတယ်နော်…။