ခရီးသွားမယ့်ပျိုမေတို့အတွက် ချစ်စရာကောင်းတဲ့ Unicorn Sleep Mask ပြုလုပ်နည်း

မိန်းကလေးတော်တော်များများက Unicorn နဲ့ပတ်သတ်တာလေးတွေဆိုရင် အကုန်လုံးကိုသဘောကျနေတာကြတာပါ။ ဒီတော့ ကိုယ်တိုင်ပြုလုပ်လို့ရမယ့် Unicorn ပစ္စည်းလေးတစ်ခုကို မလိုချင်ကြဘူးလား...? အခုက ခရီးသွားရာသီလေးလည်းဖြစ်တော့ ပျိုမေတို့အတွက် ကားပေါ်မှာအိပ်ဖို့ sleep mask လေးတစ်ခုတော့လိုမှာပေါ့...။ ဒါကြောင့် အရမ်းချစ်စရာကောင်းတဲ့ Unicorn Sleep Mask ပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။

ပထမဆုံးပထမဆုံးအနေနဲ့ A4 စာရွက်တစ်ရွက်ကိုယူပြီး sleep mask ပုံစံလေးရအောင် ပုံမှာပြထားတဲ့အတိုင်း ခဲတံနဲ့ ဆွဲကာ ကတ်ကြေးနဲ့ညှပ်ပါ။

ပြီးရင်တော့ အဖြူရောင် သိုးမွှေးကြမ်းအစကိုယူပြီး ခုနကလုပ်ထားတဲ့ sleep mask လေးနဲ့တိုင်းကာ ကတ်ကြေးနဲ့ညှပ်ပါ။

အပြာရောင်သိုးမွှေးကြမ်းအစနဲ့ အနက်ရောင်သိုးမွှေးကြမ်းအစကိုယူပါ။ အပြာရောင်သိုးမွှေးကြမ်းအစမှာ (၄.၅) စင်တီမီတာအရွယ် စက်ဝိုင်းပုံဆွဲပါ။ အနက်ရောင်သိုးမွှေးကြမ်းအစမှာတော့ (၂.၅) စင်တီမီတာအရွယ် စက်ဝိုင်းပုံဆွဲပါ။ ပြီးရင်တော့ ကတ်ကြေးနဲ့ညှပ်ပါ။

အဖြူရောင်သိုးမွှေးကြမ်းအစကိုယူပြီး ခဲတံနဲ့ ပုံမှာပြထားတဲ့အရွယ် စက်ဝိုင်းပုံ (၄) ပုံဆွဲကာ ကတ်ကြေးနဲ့ညှပ်ပါ။

အနက်ရောင်သိုးမွှေးကြမ်းအစကိုယူပြီး ပုံမှာပြထားတဲ့အရွယ် အချောင်းသေးသေးလေး (၆) ချောင်းရအောင်ညှပ်ပါ။

ပန်းရောင်ချည်ကို ပုံမှာပြထားတဲ့အတိုင်း လက်သုံးချောင်းစာယူကာ (၇) ကြိမ်ပတ်ပါ။ ပြီးရင်တော့ ကတ်ကြေးနဲ့ညှပ်ပေးပါ။

အပြာရောင်သိုးမွှေးကြမ်းအစကိုယူပြီး တြိဂံအရှည်ပုံလေးရအောင် ညှပ်ပါ။ အရွယ်အစားကိုတော့ အောက်ခြေ (၄) စင်တီမီတာနဲ့ အမြင့် (၉) စင်တီမီတာလောက်ယူပေးပါ။ ညှပ်ပြီးတာနဲ့ ငွေရောင်ဖဲကြိုးအသေးလေးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း တြိဂံမှာပတ်ကာကော်နဲ့ကပ်ပါ။

အားလုံးလုပ်ပြီးပြီဆိုရင်တော့ ခုနကညှပ်ထားတာတွေကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ကော်နဲ့ကပ်ပါ။ အောက်ဘက်နားလေးမှာတော့ ကျောက်လေးတွေ သုံးခုစီကပ်ပေးပါ။

ပြီးရင်တော့ အနောက်ဘက်ကိုလှန်ပြီး ညှပ်ထားတဲ့ချည်နဲ့ တြိဂံပုံလေးကို ကပ်ပေးရပါမယ်။ ပြီးရင်တော့ သရေကြိုးအဖြူရောင်လေးကိုပါ ကော်နဲ့ကပ်ပေးပါ။ ချည်ကိုအရှေ့ယူပြီး မညီရင်ကတ်ကြေးနဲ့ ညှပ်လိုက်ပါ။

ဒါဆိုရင်တော့ အရမ်းချစ်စရာကောင်းတဲ့ Unicorn Sleep Mask လေးကို ရရှိသွားပါပြီ..။

Unicorn Sleep Mask ပြုလုပ်နည်းလေးကို သင်သိသွားပြီဆိုတော့ Unicorn ကြိုက်တဲ့ သင့်သူငယ်ချင်းတွေကိုလည်း mention ခေါ်ပြီးပြလိုက်ဦးနော်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။