Moonlight Princess Kim Yoo-jung ရဲ့ bio နဲ့ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားများ

ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပရိတ်သတ်တွေစပြီးသိခဲ့တဲ့ Moonlight မင်းသမီးလေး Kim Yoo-jung ရဲ့ biography နဲ့ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်...။

နာမည်ရင်းကတော့ Kim Yoo-jung ဖြစ်ပြီး Geumho-dong, Sokcho, South Korea မှာမွေးဖွားခဲ့တာပါ...။ အရပ် 5’ 3” ရှိတဲ့သူမဟာဆိုရင် September 22, 1999 born ပါ...။ သူမမှာ အစ်ကိုတစ်ယောက်နဲ့ အစ်မတစ်ယောက်လည်း ရှိပါသေးတယ်...။

2003 မှာအနုပညာအလုပ်ကို စတင်လုပ်ဆောင်ခဲ့တဲ့သူမဟာဆိုရင် နောက်ပိုင်းမှာ ကိုးရီးယားနိုင်ငံရဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး၊ အခုဆိုရင်တော့ ဆယ်ကျော်သက် သရုပ်ဆောင်မလေးတစ်ယောက် ဖြစ်နေပြီပေါ့ ..။

2008 မှာ “Iljimae” ဆိုတဲ့ action-adventure series နဲ့ “Best Child Actress” ဆုကို ရရှိခဲ့တာပါ....။ အဲ့နောက်ပိုင်းမှာတော့ ပိုမိုကောင်းမွန်တဲ့ performance တွေနဲ့ “Dong Yi” (2010), “Flames of Desire” (2010), “Grudge: The Revolt of Gumiho” (2010)  ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်....။

2012 မှာတော့ “Moon Embracing the Sun” နဲ့ “May Queen” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်....။

“Commitment” film (2013) မှာ TOP ရဲ့ ညီမအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ Family drama ဖြစ်တဲ့
“Golden Rainbow” ဇာတ်ကားမှာလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်...။

2014 မှာ “Thread of Lies”, “Secret Doctor” စတဲ့ ဇာတ်ကားတွေမှာပါဝင်ထားပြီး 2015 မှာတော့ television series ဖြစ်တဲ့ “Angry Mom” မှာပါဝင်ခဲ့ပါတယ်....။

August 2016 မှာတော့ “Love in the Moonlight” ဇာတ်ကားနဲ့ သူမရဲ့ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသမီးနေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး  2017 မှာတော့ “Because I Love You” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ....။