ခေတ်လူငယ်တွေကြုံနေရတဲ့ ပြဿနာ(၆)ချက်


ယနေ့ခေတ် ၂၁ ရာစု လူတွေတွေတော်တော်များများဟာ အချိန်ခဏလေးအတွင်းမှာ ထင်ထားတာထက်ပိုပြီး ရှင်သန်ကြီးထွားမှုနှုန်းမြန်ပါတယ်။ ခုဆို ၉၀ ဖွားတွေဟာ သူတို့နဲ့ ယှဉ်ကြည့်လိုက်ရင် တော်တော့်ကို အိုပြီး အသက်ကြီးသလိုဖြစ်နေပြီ။ ဒါပေမယ့် ၉၀ ဖွားတွေတော်တော်များများအားလုံးက ငယ်ဘဝကို ဘယ်လိုပျော်ရွှင်ဖြတ်သန်းလာခဲ့ရလဲဆိုတာ ခုခေတ် ကလေးလူငယ်တွေ မသိကြပါဘူး။ ယနေ့ခေတ်က လူငယ်တွေက သူတို့ရဲ့မျက်နှာကို ၆လက်မလောက်ရှိတဲ့ ဖုန်း Screens နဲ့ မကွဲမကွာရက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အခေတ်သူ့အခါ ကမ္ဘာကိုရင်ဘောင်တန်းနိုင်အောင်လို့လည်းဖြစ်မှာပါလေ။
ကဲ… ယနေ့ခေတ်လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ချို့ကို ရှာဖွေကြရမယ်ဆိုရင်တော့

(၁)  ပြိုလဲသွားတဲ့မိသားစုတွေ


အိမ်ထောင်တစ်ခုတည်ထောင်ဖို့အတွက် အချိန်တစ်ခု လိုအပ်ပါတယ်။ အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ရန် မလွယ်ကူပါဘူး။ တကယ်တမ်းကျတော့ စားဝတ်နေရေးအတွက် ရှာဖွေစုဆောင်းရပါသေးတယ်။ နှစ်ဖက်စလုံးအဆင်ပြေတဲ့အခါမှာ အိမ်ထောင်ပြု ဘဝတစ်ခုကိုတည်ဆောက်ဖို့ အသင့်တော်ဆုံးအချိန်ပါ။ ခုခေတ်လူငယ်တွေတော်တော်များများကတော့ အဲလိုမဟုတ်ကြတာများပါတယ်။ လွယ်လွယ်လေး စဉ်းစားပြီးဆုံးဖြတ်ကြတယ်။ အဲကနေတစ်ဆင့် လက်ထပ်ကြတယ်။ ကလေးရတယ်။ ပြီးတော့ မိသားစုကိစ္စအဆင်မပြေတော့ ကွဲကွာကြတယ်။ ကျန်ရှိနေတဲ့ကလေးရဲ့မျက်နှာကို ထောက်ထားဖို့မစဉ်းစားကြဘူး။ အဲကနေတဆင့်ကလေးရဲ့ဘဝဟာ သူရဲ့ Personality အတွက် အမည်းစက်တစ်ခုဖြစ်သွားပြီ။ Broken Family ကနေလာတဲ့ကလေးတွေရဲ့ ဘဝတိုးတက်ဖို့ဆိုတာ သူတို့အတွက် အများကြီးရုန်းကန်ရတတ်ပါတယ်။ တချို့ဆို ကလေးကို တာဝန်ယူပြုစုစောင့်ရှောက်ခြင်းမရှိဘဲ စွန့်ပစ်ထား၊ ကလေးတွေက လမ်းကြောင်းမှားတွေရောက်နဲ့ ပျက်စီးသွားတတ်ကြပါတယ်။


(၂)  ဆေးဝါးနှင့်အရက်သေစာ


ဒါကတော့ ယနေ့ခေတ်လူငယ်တွေဟာ အသက် ၁၃ နှစ်မှ ၁၈ ထိ သောက်တတ်နေကြပါပြီ။ ယနေ့ခေတ်ကလေးလူငယ်တွေက အရင်တုန်းကလို အားလပ်ရက်မှာ အပြင်ထွက်၊ အားကစားကွင်းသွားမယ်၊ ဂိမ်းဆော့မယ် စသဖြင့် အဲလိုမျိုးတွေမရှိတော့ပါဘူး။ ခုခေတ်သူတို့ရဲ့ ဂိမ်းတွေက ဘာလဲဆိုတော့ COC ဆော့မယ်။ Counter ပစ်မယ်။ သူငယ်ချင်းတွေစုမယ် ဆိုလိုချင်တာက ပျော်မယ်ပါးမယ်။ သောက်မယ်စားမယ်။ ဆေးတွေချမယ်။ ကော်တွေရှုမယ်။ အဲလိုပြဿနာတွေ ယနေ့ခေတ်လူငယ်တွေ ကြုံတွေ့နေရပြီ။


(၃)  ရုပ်ဝါဒီ


ကျွန်တော်တို့ ကလေးဘဝတုန်းကဆိုရင် အဝတ်အစားဆိုတာ ရှိတာလေးနဲ့ လှအောင်ဝတ်ကြတယ်။ Brands တွေဘာတွေညာတွေ စိတ်မဝင်စားတာအမှန်ပါပဲ။ မိဘတွေစိတ်ကြိုက်ဝယ်လာတဲ့ အဝတ်အစားတွေကိုပဲ လှအောင် ဆင်မြန်းဝတ်ဆင်ကြတယ်။ ယနေ့ခေတ်လူငယ်တွေက အရင်ခေတ်တုန်းက လူငယ်တွေနဲ့မတူတော့ပါဘူး။ အပြိုင်အဆိုင်တွေများလာတော့ လုံးဝ Brands မှဝတ်မှာတွေ၊ စျေးကြီးမှသုံးတာတွေ ၊ ဖုန်းဆို i-Phone မှ သုံးတာတွေ အဲလိုတွေဖြစ်လာကြပါပြီ။ ဒါကတော့ သူ့ခေတ်သူ့အခါဆိုတော့လည်း ဖြစ်တတ်ပါတယ်။


(၄)  ကျောင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်း


ဆိုလိုချင်တာက ခုခေတ်ကလေးတွေက ကျောင်းလာရင် ဓားတွေ တုတ်တံတွေ ယူလာတတ်ကြတယ်။ ရန်ဖြစ်ရင် ရိုက်ဖို့။ ထစ်ခနဲ တစ်ခုခုဆိုရင် ဒေါသမထိန်းနိုင်ဘဲ စိတ်နောက်ကိုယ်ပါ လုပ်လာကြတာတွေ များလာကြပါတယ်။ ပြဿနာကို အေးအေးဆေးဆေး ခေါင်းသုံးပြီးဖြေရှင်းတာမျိုးထက် ဒေါသရှေ့ထားပြီး တုတ်ဆွဲ ဓားဆွဲဖြေရှင်းလိုက်ကြတာများပါတယ်။ အဲလိုနည်းတွေကြောင့် သူတို့ဟာ ပျက်စီးလာတတ်ကြပါတယ်။ 


(၅)  အလုပ်အကိုင်စီးပွားရေး

ခုခေတ်တချို့သော လူငယ်တွေဟာ ထူးချွန်ထက်မြက်ပြီး ကိုယ်ပိုင် စီးပွားရေးတွေကိုယ်စီလုပ်ကိုင်နိုင်ကြသလို တချို့လူငယ်တွေကလည်း မိမိဘဝအနာဂတ်အတွက် လမ်းပျောက်နေတာလဲ ရှိပါတယ်။ တချို့တော့ အလုပ်မလုပ်ပဲ အိမ်မှာအောင်းနေတဲ့ သူတွေလည်းရှိသလို၊ တချို့ကတော့ မိဘက ပိုက်ဆံရှိလို့ကိုယ်တိုင်ဘာမှအလုပ်မလုပ်ဘဲ သုံးဖြုန်းနေတဲ့ လူတွေလည်းရှိပါတယ်။ 


(၆)  ပညာရေးအမျိုးအစားကွဲသွားခြင်း


ဒါကတော့ အရေးကြီးဆုံးရှု့ထောင့်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပညာရဲရင်ပွဲလယ်တင့် ဆိုတဲ့ စကားပုံအတိုင်း ပညာတတ်လူငယ်တွေကတော့ ရှေ့ကိုဦးဆောင်သွားနိုင်သလို ၊ ပညာမတတ်တဲ့ လူငယ်တွေကတော့ အနောက်မှာ ကျန်နေခဲ့ကြပါတယ်။ များသောအားဖြင့် ကျွန်တော်တို့လူငယ်တွေဟာ အချိန်ကုန်ခံပြီး သင်ယူထားတဲ့ ပညာကို တန်ဖိုးရှိလာနိုင်အောင် အသုံးမချတတ်တဲ့အတွက်ကြောင့် အနာဂတ်ဆိုတဲ့ လမ်းခရီးမှာလည်း အခက်အခဲတစ်ခုအနေနဲ့ဖြစ်သွားနိုင်ပါတယ်။

ဒီအချက်တွေကတော့ ယနေ့ခေတ်လူငယ်တွေကြုံတွေ့နေရတဲ့ပြဿနာအခက်အခဲတွေထဲက တချို့ကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။