ဆယ်ကျော်သက်ကျောင်းသူဘဝတုန်းက စိတ်ကူးယဉ်မင်းသားလေးများ

ကလေးဘ၀ အရွယ်တုန်းက စာသင်ခန်းထဲမှာ ကိုယ်ရဲ့ သူငယ်ချင်း အချင်းချင်းနဲ့ အိမ်မှာ ကြည်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွေ ဇာတ်ကားထဲက မင်းသားအကြောင်းလေးတွေကို ပြောခဲ့ကြမှာပဲနော်။ ပြီးရင် စာသင်နေရင်လည်း သူတို့အကြောင်းတွေ ပြောပြီး ပီတိလေးတွေ ဖြစ်ခဲ့ကြတယ်လေ။ ဟုတ်တယ်မလား။ ဒီတော့ အဲ့ဒီမင်းသားလေးတွေက ဘယ်သူတွေလည်း ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။


၁. Lee Min Ho


အဲ့ဒီအချိန်တုန်းကတော့ F4 ကားကက အရမ်းကို ခေတ်စားခဲ့တယ်လေ။ အဓိက မင်းသားဖြစ်တဲ့ ကိုကောက်ကွေးလေး ဂူဂျွန်ဖြိုး ကတော့ ဇာတ်ကားထဲမှာတင်မဟုတ်ဘူး အပြင်မှာပါ ကျောင်းသူလေးတွေရဲ့ အချစ်တော်ပါပဲ။


၂. Hyun Joong Kim


သူကလည်း F4 ဇာတ်ကားရဲ့ ဒုတိယမင်းသားလေးတစ်ဦးဖြစ်တဲ့ ဆံနီလေးလို့ခေါ်ကြတဲ့ တည်ငြိမ်သူမင်းသားလေး ဂျီဟို ပါ။


၃. Bum Kim


သူကတော့ အိုးမင်းသားလေး ပါ။ F4 ကားရဲ့ တတိယမင်းသားလေး အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ မင်းသားလေးတစ်ဦးပါပဲနော်။ အခုချိန်မှာတော့ သူက Single ဖြစ်နေပါပြီ။


၄. Geun Seok Jang


သူကတော့ အိန်ဂျယ်ချစ်သူဇာတ်ကားထဲက ခေါင်းဆောင်မင်းသားလေး ဟန်ထယ်ဂျွန်းပါ။ သူ့ရဲ့ ဂျစ်တစ်တစ် အကျင့်ယုတ်တဲ့ ပုံစံလေးက ဇာတ်ကားထဲမှာ ကောင်မလေးတွေကို ဆွဲဆောင်ထားပါတယ်။


၅. Seung gi Lee


သူကတော့ ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မင်းသားလေးတစ်ဦးပါပဲ။ တစ်ခါတစ်လေမှာလည်း နန်းတွင်းဇာတ်ကားတွေကို ရိုက်တဲ့ မင်းသားလေးတစ်ဦးပါပဲ။
ကဲဒီတော့ ကောင်မလေးတွေ အနေနဲ့လည်း သူတို့ထဲက တစ်ယောက်ယောက်နဲ့ စာသင်ခန်းထဲမှာ စိတ်ကူးယဉ်ဖူးတယ်မလား။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။