Hollywood က အမိုက်စားထိပ်တန်းမင်းသမီး( ၁၀ ) ယောက်

ကျွန်တော့်အနေနဲ့ Hollywood ဇာတ်ကားတွေကိုကြိုက်တယ်။ Hollywood ကိုကြိုက်တော့ Hollywood ကမင်းသမီးတွေကိုလည်းကြိုက်တာပေါ့။ အရှေ့တောင်အာရှက မင်းသမီးတွေ မော်ဒယ်တွေထက်စာရင် Hollywood ကမင်းသမီးတွေက ပိုပြီးညှို့အားပြင်းပြင်း တောင့်တောင့်တင်းတင်း နဲ့ဆွဲဆောင်မှုရှိတယ်လို့မြင်တယ်။ သူတို့တွေက ပလတ်စတစ်ဆာဂျရီလုပ်ထားတာလို့လာမပြောနဲ့နော်။ အဲလိုပြောကြေးဆို ကွီးယားမင်းသမီးတွေ အဆိုတော်တွေက Hollywood ထက်ပိုဆိုးတယ် လို့ကျွန်တော်ပြောလဲပြောချင်တယ် .. ပြောလဲပြောလိုက်ပြီ ။

Ember Heard 

Pirates of The Caribbean မင်းသား ဂျော်နီဒပ်ပ် နဲ့ မကြာသေးမီက ကွာရှင်းထားသူ။ Zombie Land, Never Back Down, Pineapple Express ဇာတ်ကားတွေနဲ့အောင်မြင်မှုရထားတဲ့မင်းသမီး။သူမရဲ့ Nude Photo တွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးသေးရဲ့ ..။

Kate Beckinsale

အခုလောလောဆယ်တော့ သူမရဲ့ဇာတ်ကားတွေသိပ်ထွက်တာမတွေ့ဘူးဗျ။ ဒါပေမယ့်သူမကို စသိတဲ့ Van Helsing ဇာတ်ကားကနေစလို့ နောက်ထွက်လာတဲ့ Underworld ဇာတ်ကားတွဲတွေအထိ သူမ ကိုတောက်လျှောက်အားပေးတဲ့ ကိတ်ဘက်ကင်ဆေးလ် ရဲ့ fan ကျွန်တော်မျိုးကြီးပေါ့ဗျာ .. ……။

Blake Lively

သူမနာမည်စကြီးတာ Marvell ဇာတ်ကား Green Lantern မှာပေါ့။ အစက The Town, Savages တို့မှာတော့ လူသိပ်မသိဘူး။နောက်ကျတော့ တီဗွီစီးရီးတစ်ခုဖြစ်တဲ့ Gossip Girl ကျတော့ သူမရဲ့ Serena Van Der Woodsen ကို လူတော်တော်များများသိပြီး လက်ခံလာကြတယ်။ နောက်ပြီး  sex scene တွေမှာလည်း Blake အနေနဲ့ အရမ်း Horny ဖြစ်တယ်လို့ တော်တော်များများပြောကြတယ်ဗျ ။ ကျွန်တော်အကြိုက်ဆုံးကတော့ The Shallows ဆိုတဲ့ ငါးမန်းကားပဲ .. Blake က bikini နဲ့စွန်းမိုက်ဒေ။

Scarlett Johanson

စကားလက်ဂျိုအန်ဆင်ကိုတော့ မသိသူမရှိဘူးထင်တာပဲ ။သူမရဲ့ထူးခြားချက်က ညှို့အားပြင်းတဲ့အကြည့်ပဲ ။ကျွန်တော်ကတော့ စကားလက်ကို ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်တယ်။ Avengers, Ghost in the shell, lucy, under the skin နောက်ပြီး Jungle book။ စကားလက်ပါတဲ့ကား ဘယ်ကားမဆိုသဘောကျတယ် ။

Eva Mendes 

အီဗာမန်းဒတ်စ် ပါတဲ့ကားတွေဆိုလို့ Ghost Rider ရယ် .. Fast and Furious 2 လောက်ရယ်ပဲကြည့်ဖူးပေမဲ့ သူလည်းတော်တော်သဘောကျဖို့ကောင်းပါတယ်။ ညာဘက်ပါးမှာ မှဲ့နဲ့ဓာတ်ပုံရိုက်ရင် အဲဒီမှဲ့ကို အသားပေးရိုက်တတ်တာသူ့အကျင့်ပဲ။ နောက်ပြီး သူမရဲ့မျက်နှာမှာထူးခြားတဲ့အချက်ကတော့ လှပတဲ့ နှုတ်ခမ်းအစုံပါ။

Mary Elizabeth Winstead 

တော်တော်ကိုထူးထူးခြားခြားလှပပြီး ဆွဲဆောင်မှုရှိတဲ့ဒီသူငယ်မလေးကတော့ မင်းသားကြီး Bruce Willis ရဲ့သမီးအဖြစ် Die Hard ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖူးသလို၊ Final Destination 3 မှာလည်းပါဝင်သရုပ်ဆောင်ဖူးတယ်။ Cloverfield ဇာတ်ကားထဲမှာဆိုရင်တော့ ဒီသူငယ်မ တော်တော်ကိုညှို့အားပြင်းနေတာဗျ။ သူမရဲ့ထူးခြားချက်ဆိုရင်တော့ .. အင်း .. မျက်နှာကစလို့ တစ်ကိုယ်လုံးပဲဆိုပါတော့ …။

Alexandra Daddario 

သူလေးကတော့ Baywatch ဆိုတဲ့ဇာတ်ကားမှာ မင်းသားကြီး Dwayne Johnson ( The Rock ) နဲ့အတူသရုပ်ဆောင်ထားတဲ့အပြင် Percy Jackson ဇာတ်ကားတွေမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကပါဝင်ထားပါတယ်။ အခုတော့သူမလည်း ဟောလီးဝုဒ်က ဒိတ်ဒိတ်ကြဲမင်းသမီးတွေစာရင်းမှာ ပါလာပြီဗျား။ သူမအနေနဲ့ အခုရုပ်ရှင်ရိုက်တာတွေထက်စာရင် မဂ္ဂဇင်းကာဗာတွေနဲ့ ကြော်ငြာရိုက်ကူးတာတွေကို ပိုပြီးလုပ်ဆောင်နေတယ်လို့သိရတယ်။

Maggot Robbie 

Harley Quinn လေး .. Marvel ရုပ်ရှင် Suicide Squad မှာ ဂေါက်ကြောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ သူမ။ နောက်ပြီး Wolf of Wallstreet ဟာသရုပ်ရှင်မှာလည်း မင်းသားကြီး လီယိုနာဒို ဒီကာ့ပ်ရီယို နဲ့တွဲပြီး အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တဲ့သူ။ မျက်နှာနဲ့အပြိုင် ခန္ဓာကိုယ်ကောက်ကြောင်းတွေကပါ လှပကြော့ရှင်းတဲ့သူ …။

Charlize Theron

သူမရဲ့ရုပ်ရှင်တွေလည်းအားကြီးပဲ။ Will Smith နဲ့အတူတူသရုပ်ဆောင်ထားတဲ့ Hankok ရုပ်ရှင်။ နောက်ပြီး Monster .. Cider House Rules စတဲ့ဇာတ်ကားတွေအပြင် Mad Max : Fury Road ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ထူးခြားချက်ကတော့ မခို့တရို့အပြုံးတစ်ပွင့်ရယ် ၊တည်ငြိမ်ရင့်ကျက်တဲ့အလှရယ် ..။

Gal Gadot 

ကဲ … သူမ ကတော့ ကျွန်တော့်အကြိုက်ဆုံးပဲဗျာ။ အားလုံးကိုကြိုက်နေတော့တာပဲလို့ပြောရင်တောင် အားလုံးထဲမှာ ဒီ အစ္စရေးသူလေး ကိုအကြိုက်ဆုံးပဲ။ အစကတော့ မော်ဒယ်တစ်ယောက်ပါ။ ပြည်နယ် မယ်ရွေးပွဲတွေဘာတွေဝင်ပြိုင်ဖူးတယ်။ Fast and Furious 5 နဲ့ 6 ထဲမှာလည်းပါဖူးတာပေါ့။ နောက်ပိုင်းသူမကို လူသိများလာတာကတော့ Batman VS Superman: Dawn of Justice ထဲက Wonder Woman အဖြစ်နဲ့ပါ။ အဲနောက်မှာတော့ ဝက်ဝက်ကွဲ အောင်မြင်သွားပြီး အခုဆို Wonder Woman ဇာတ်ကားတောင် ရိုက်ကူးပြီးစီးလို့ ရုံတင်ပြီးသွားပါပြီ … ။