ကျန်းမာလှပတဲ့ ခြေထောက်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ချို့…

     ခြေဖဝါးနဲ့ပတ်သက်ပြီး ကျန်းမာရေးအတွက်ရော နေထိုင်မှုအတွက်ပါ အသုံးဝင်နေတဲ့ နည်းလမ်းကောင်းတွေလည်း ရှိနေပါတယ်…။ ခြေထောက်က တကယ်တော့ သင့်ဘဝကြီးတစ်ခုလုံးအတွက် အရေးကြီးတဲ့အရာတစ်ခုပါနော်…။ ခြေထောက်နဲ့ပဲ ကိုယ်သွားချင်တဲ့နေရာတွေကိုသွားတယ်…။ လမ်းလျှောက်တယ် ၊ ပြေးတယ် ၊ မတ်တပ်ရပ်တယ် ဒါမျိုးတွေ သင့်ဘဝမှာနေ့စဉ်နေ့တိုင်း အချိန်တိုင်းလုပ်နေရတဲ့အရာတွေပါပဲ…။ ဒါကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ခြေထောက်တွေကို ကျန်းမာရေးအတွက်ရော တစ်ခြားကောင်းမွန်တဲ့ နည်းလမ်းလေးတွေအတွက်ပါ ဗဟုသုတလည်းဖြစ်စေမယ့် အသုံးလည်းဝင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

- စောင်ထဲကနေခြေထောက်ထုတ်ပြီး အိပ်မယ်ဆိုရင်…

     လူတွေရဲ့ ခန္ဓာကိုယ်အပူချိန်က ညဘက်ရောက်တဲ့အခါမှာ လျော့ကျလာပြီပဲဖြစ်ပါတယ်…။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုတာက ခန္ဓာကိုယ်အပူချိန်နဲ့လည်း အများကြီးသက်ဆိုင်နေပါသေးတယ်…။ ဒါကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်ဆိုရင်တော့ သင့်ခြေထောက်တွေကို ခြုံထားတဲ့စောင်အောက်ကနေထုတ်ပြီး အိပ်ရမှာပဲဖြစ်ပါတယ်…။ အေးနေတဲ့ခြေထောက်ကြောင့် ကောင်းကောင်းအိပ်ပျော်စေပြီး ခန္ဓာကိုယ်ကိုလည်းကောင်းကောင်းအနားယူရစေနိုင်မှာပဲဖြစ်ပါတယ်…။

- ရှူးဖိနပ်စီးတဲ့အခါမှာ ကျပ်နေရင်…

     ရှူးဖိနပ်တွေကိုစီးတဲ့အခါမှာ ကျပ်နေတတ်တာမျိုးတွေကြောင့် နာကျင်ရတာမျိုးတွေကို ခံစားရတတ်ပါတယ်…။ ဒီလိုမျိုးတွေမဖြစ်စေဖို့အတွက်ဆိုရင် ခြေအိပ်တစ်စုံကို သင်ခြေထောက်မှာအရင်ဝတ်ထားလိုက်ပါ…။ ပြီးရင်တော့ သင်စီးမယ့်ရှူးဖိနပ်ကိုစီးပြီး Hair Dryers နဲ့ ၅ မိနစ်လောက်လေမှုတ်ပေးလိုက်ပါ…။ အချိန်ပြည့်သွားပြီဆိုရင်တော့ ဖိနပ်နဲ့ ခြေအိပ်ကိုလည်းချွတ်ပြီး ခြေထောက်အေးသွားအောင် အချိန်ခဏပေးလိုက်ပါ…။ ခြေထောက်က ပုံမှန်အပူချိန်အတိုင်း ပြန်ဖြစ်သွားပြီဆိုရင်တော့ ခုနကစီးမယ့်ရှူးဖိနပ်ကိုပြန်ပြီးစီးလိုက်လို့ရပါပြီနော်…။ ဒီလိုလုပ်ပေးလိုက်ပြီဆိုရင်တော့ ဖိနပ်ကျပ်ပြီးခြေထောက်နာတာမျိုးတွေလည်း ရှိမှာမဟုတ်တော့ပါဘူး…။

- ခြေထောက်ညောင်းညာနေရင်…

     တစ်နေ့လုံးအလုပ်တွေလုပ်ရပြီး ညဘက်အိပ်ခါနီးအချိန်မျိုးမှာ ခြေဖဝါးတွေလည်းညောင်းညာနေတာကို သတိထားမိရဲ့လားမသိဘူး…။ ခြေဖဝါးလေးတွေညောင်းညာမှုကင်းပြီး ပေါ့ပါးလန်းဆန်းစေဖို့အတွက်ဆိုရင် ညအိပ်ခါနီးမှာ Massage လေးတော့လုပ်ပေးသင့်တယ်နော်…။ Massage ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ တင်းနစ်ဘောလုံးတစ်လုံးတော့ လိုအပ်ပါတယ်…။ တင်းနစ်ဘောလုံးကို ခြေဖဝါးအောက်မှာထားပြီး လှိမ့်ပေးရမှာပဲဖြစ်ပါတယ်…။ ဒီနည်းလမ်းလေးက ခြေထောက်မှာရှိနေတဲ့ အကြောတွေနဲ့ ကြွက်သားတွေကို လန်းဆန်းစေပြီး ညောင်းညာမှုတွေကို သက်သာစေမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။