Crush က ကိုယ့်ကိုအမြန်ဆုံးသတိထားမိလာစေဖို့

အရင်ဦးဆုံးပြောချင်တာကတော့ Admin ပြောပြတဲ့နည်းလမ်းလေးတွေဆိုတာ ယောက်ျားလေး၊ မိန်းကလေးရယ်၊ အသက်ကြီးတာငယ်တာရယ်လို့ ခွဲခြားထားတာမရှိပါဘူး ..။ ဘယ်အသက်အရွယ်ရှိရှိ၊ ကောင်လေးပဲဖြစ်ဖြစ်၊ ကောင်မလေးပဲဖြစ်ဖြစ် စမ်းကြည့်ဖို့အသုံးတည့်ပါတယ်လို့ ..။ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါသည် ပေါ့လေ ..။

တစ်ခုရှိတာက လှေကြီးထိုးရိုးရိုး၊ လက်သည်ပဲ အားမကိုးကြနဲ့ကွဲ့ ..။ Admin က လော့ဂျစ်ကိုပြောပြပြီး လက်တွေ့က ယူတို့ပဲလုပ်ယူရမာ ..။

( ၁ ) အကြည့်

ကွီးငဲ ရဲ့သီချင်းတစ်ပုဒ်ရှိတယ် ..။ အကြည့် တဲ့ ..။ ဆင်ပေါက်ကလည်း အကြည့်တစ်ချက် ဆိုပဲ ..။ RS တစ်ခုအစပြုတဲ့ မြစ်ဖျားကတော့ အကြည့်တစ်ချက်ပေါ့ ..။ အကြည့်ဆိုတဲ့နေရာမှာ ချစ်ရတဲ့သူကို မျက်လုံးထောင့်လေးတစ်နေရာကနေ ဖျတ်ကနဲ ခိုးကြည့်တာမျိုး၊ သူကျောပေးထားတဲ့အချိန်သူ့ကို မက်မက်မောမောလေးစိုက်ကြည့်တာမျိုး ..။ လူမိသွားပြီဆိုရင်ဘာမှမဟုတ်သလိုမျက်နှာပေးလေးနဲ့ခပ်တည်တည်နေ ..။ အဲဒါလေးကတကယ်အလုပ်ဖြစ်တာ ..။

သတိ >> ကြာပစ်တဲ့အကြည့်မျိုး၊ ခေါ်တောတစ်သိန်းအားနဲ့ ရှိုးတာမျိုးတော့မလုပ်မိစေနဲ့ပေါ့ ..။

( ၂ ) Facebook

Crush က Facebook တော့သုံးတတ်မှာပါ ..။ သူ့ရဲ့အကောင့်လေးကို see first လုပ်ထားပြီး တင်သမျှ photo နဲ့ ပို့စ်မှန်သမျှ ကိုယ်ကအရင်ဆုံး လက်မလေးပေးတတ်ပါစေ ..။ ဘယ်လိုပို့စ်မျိုးပဲဖြစ်ဖြစ် အနည်းဆုံး ( Like ) လေးတော့ပေး ..။ သူ့ Wall တစ်ခွင်ကိုယ့်ရဲ့ Like တွေနဲ့ဝုန်းပလိုက် ..။ Noti တက်တိုင်း သူလေးကအမြဲတမ်းပဲ Like ပေးနေပါလားဆိုပြီး သူ့စိတ်ထဲမှာတစ်မျိုးလေးဖြစ်သွားနိုင်တယ် ..။

သတိ >> Messenger မှာ မီးလေးစိမ်းနေတိုင်းသွားသွားပြီး စကားမပြောရ ( မခင်သေးတဲ့အချိန် )၊ စကားစမည်ပြောရင်တောင် ထမင်းစားပြီးပလား၊ ဘယ်မှာနေတုံး သွားမမေးရ၊ အကြီးကြီး ဂွမ်း တတ်သည်။ 

( ၃ ) သူငယ်ချင်းတွေနဲ့ခင်အောင်ပေါင်း

ကျောင်းမှာ ကိုယ့်သူငယ်ချင်းတွေရှိသလို၊ သူ့မှာလည်း သူ့အဖွဲ့လေးနဲ့သူရှိတယ်။ အဲ့တော့ ကိုယ်က crush နေတာသူမြန်မြန်သိဖို့ဆို သူ့သူငယ်ချင်းတွေထက်ကောင်းတဲ့ conductor လောက်ဘယ်အရာရှိတော့မတုန်း။သူ့သူငယ်ချင်းတွေနဲ့ခင်အောင်ပေါင်း၊ သူတို့ကိုမုန့်လေးဘာလေးကျွေးရင်း သူ့အကြောင်းကို ရေပက်မဝင်အောင်မေး၊ နင်ကကြိုက်နေလို့လားမေးရင် ရှက်ကိုးရှက်ကန်းအမူအရာလေးလုပ်ပြ၊ နင်တို့ကလည်း၊ ငါကကြိုက်စရာလား ဘာညာ နဲ့ဖောရှောလုပ် ..။ ရှက်စရာမလိုဘူးနော် ..။ ကြိုက်မရှက်၊ ငတ်မရှက် ဆိုတဲ့စကားပုံကြားဖူးတယ်မလား ..။

သတိ >> ငွေကုန်ကြေးကျအနည်းငယ်ရှိတတ်တဲ့နည်းဖြစ်သည်။ ဂုန်းဆင်းတတ်တဲ့သူတွေကိုတော့ သည်းခံပါလေ ..။

( ၄ ) အရိုးရှင်းဆုံးနေ

ရိုးရိုးလေးသာဝတ်ခဲ့ပါကွရ် .. အေးမြဒရ် တဲ့ ..။ ခင်မောင်တိုး ရဲ့သီချင်းလေးအတိုင်းပဲ အရိုးဆုံးအလှဟာ အဆန်းဆုံးနဲ့အထင်ပေါ်ဆုံးပါ ..။ ကိုရီးယားဖက်ရှင်၊ street fashion တွေဟိုမှာဒီမှာ မြင်နေရချိန် မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီ၊ ထဘီလေးနဲ့ မိတ်ကပ်ပါးပါးမျက်နှာလေးဟာ သူတင်မဟုတ်ပဲ ကြည့်ရသူတိုင်းရင်ထဲအေးမြနေစေမှာပေါ့ …။

သတိ >> မျက်နှာအနေအထားလေးတည်တည်ကြည်ကြည်ဖြစ်ဖို့လို။

( ၅ ) တိုက်ဆိုင်မှုလေးတွေ

သူလာနေကျလမ်းထိပ်မှာကိုယ်ကကြိုပြီးရောက်နေတတ်တာမျိုး၊ သူထိုင်နေကျ ခုံလေးဘေးမှာ ကိုယ်နေရာဦးထားတတ်တာမျိုး၊ ကျောင်းဖယ်ရီစီးဖို့အချိန်အတူတူထွက်လာမိတာမျိုး၊ ကင်တင်းန်မှာ မျက်နှာချင်းဆိုင်ဆုံတွေ့တတ်တာမျိုး၊ သူ့ ဖတ်စာအုပ်တွေမေ့ကျန်ခဲ့ချိန်ကိုယ်နဲ့စာအုပ်လေးတူတူကြည့်ကြတာမျိုး၊ ကျောင်းကားပေါ်မှာ နေရာအတူတူရတတ်တာမျိုး၊ မုန့်ဆိုင်မှာ မုန့်တစ်မျိုးတည်းကိုပဲတူတူမှာမိတာမျိုး စတဲ့အရာလေးတွေက တမင်လုပ်ယူတာဖြစ်သလို၊ မထင်မှတ်ပဲတိုက်ဆိုင်တာမျိုးလေးတွေလည်းရှိတတ်တယ်လေ …။ အချစ်ဆိုတာလည်း မထင်မှတ်တဲ့နေရာကနေ ကိုယ့်ရဲ့ရင်ထဲလေပြည်လေးတစ်ချက်ဝှေ့သွားတတ်တာမျိုးမဟုတ်လား …။

ဒါကတော့ Admin တို့လုပ်ခဲ့သမျှ၊ ကြိုးစားခဲ့သမျှ၊ ဂေါ်ခဲ့သမျှထဲက မှတ်မိသလောက် ပညာရပ်လေးတွေပေါ့။ ခုခေတ်ကလေးတွေကတော့ သင်စရာတောင်မလိုပါဘူး ..။ ကိုယ်တွေကိုတောင်လမ်းကြုံရင်ရောင်းစားသွားမှာစိုးရတာဆိုတော့ .. ဘာပဲဖြစ်ဖြစ်ပါလေ..။ အပေါ်ကတစ်ချက်လေးပဲ အဆင်ပြေရင်တောင် Admin အနေနဲ့ရေးရကျိုးနပ်ပါတယ်လို့ ..။

ချစ်တဲ့
Gabriel




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။