ပရိသတ်တွေကြွေအောင်ဖမ်းစားနိုင်တဲ့ နေခြည်ဦးရဲ့ဖက်ရှင်များ

Beauty Blogger နေခြည်ဦးဆိုရင်တော့ မသိတဲ့သူမရှိသလောက်ပါပဲ...။ Beauty Blogger အနေနဲ့လူသိများလာခဲ့တဲ့သူမက နောက်ပိုင်းမှာတော့ သူများနဲ့မတူတဲ့ သူမရဲ့ဖက်ရှင်တွေကြောင့်ပဲ လူတွေရဲ့စိတ်ဝင်စားမှုကို ပိုရလာခဲ့ပါတယ်။ သူမကိုမကြိုက်တဲ့သူဆိုရင်တောင်မှ သူမဝတ်တဲ့ဖက်ရှင်တွေကိုတော့ ကြွေကြတဲ့သူတွေချည်းပါပဲ...။ ဒီလိုအမိုက်စားဖက်ရှင်လေးတွေနဲ့ တစ်ခါတစ်မျိုးမရိုးအောင်လန်းနေတဲ့ သူမရဲ့ဖက်ရှင်လေးတွေကို သူမရဲ့ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်တယ်နော်...။

 ၁။ မကြာသေးခင်ကမှတင်ထားတဲ့ဒီပုံလေးမှာဆိုရင် ဝတ်ထားတာလေးကရှင်းရှင်းလေးနဲ့ စတိုင်လ်ကျနေတာကို မြင်တွေ့ရမှာပါ။

 ၂။ ဒီပုံလေးထဲမှာဝတ်ထားတဲ့ ဖက်ရှင်နဲ့စတိုင်လ်လေးဆိုရင်တော့ အလွန်အကြူးကိုကြွေသွားစေတာပါ။

 ၃။ ဒီပုံလေးတင်ပြီးထဲက ချီချီဝတ်တဲ့အင်္ကျီနဲ့ဖိနပ်လေးဆိုပြီး အရမ်းနာမည်ကြီးလာတာကို တွေ့ရပါတယ်။

 ၄။ ပရိသတ်တွေကိုကြွေသွားအောင် ဖမ်းစားနိုင်တဲ့ဖက်ရှင်ပုံလေးထဲမှာ ဒီတစ်ခုကလည်း ထိပ်ဆုံးကပါနေပါတယ်။

 ၅။ ပိုးစိုးပက်ဆက်ကြွေရတဲ့ဖက်ရှင်လေးကိုပြပါဆိုရင်တော့ ဒီဖက်ရှင်လေးကိုပြရမှာပါ...။

 ၆။ ဒီပုံလေးဆိုရင်လည်း supreme အင်္ကျီလေးနဲ့ အထာကျပြီး ချစ်စရာကောင်းနေတဲ့ဖက်ရှင်လေးပါ။

 ၇။ ပရိသတ်တွေအရမ်းကြွေခဲ့ရတဲ့ ဖက်ရှင်ပုံရိပ်လေးထဲမှာတော့ ဒီဖက်ရှင်ပုံလေးက ထိပ်ဆုံးကပါနေတာပါ။

 ၈။ New York fashion week သွားတုန်းက ဒီပုံလေးဆိုရင်လည်း ဝတ်ထားတဲ့ဖက်ရှင်လေးက အရမ်းကို smart ကျလွန်းပါတယ်။

 ၉။ ဒါကတော့ supreme jacket လေးနဲ့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ ဖက်ရှင်ပုံလေးပါ။

 ၁၀။ ဒါလေးကတော့ ကောင်မလေးတွေသာမက ကောင်လေးတွေပါကြွေခဲ့ကြတဲ့ ဖက်ရှင်ပုံလေးပါ။

 ၁၁။ သူမရဲ့ဖက်ရှင်တွေထဲမှာတော့ ဒီဖက်ရှင်ပုံလေးနဲ့ စပြီးကြွေခဲ့ရတယ်လို့ ပြောရမှာပါ...။

 ၁၂။ ဒီနောက်ဆုံးပုံလေးကတော့ အထာအကျဆုံးနဲ့ အမိုက်ဆုံးဖက်ရှင်လေးပါပဲ...။

 သူမကိုချစ်တဲ့ fan တွေနဲ့ သူမကိုချစ်တဲ့ပရိသတ်တွေလည်း ချီချီရဲ့အမိုက်စားဖက်ရှင်ပုံလေးတွေကို တစ်စုတစ်စည်းထဲ ကြည့်လိုက်ရလို့ ကျေနပ်မယ်လို့ထင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။