တချို့ကောင်မလေးတွေကြွေတာ ဆံရှည်ကောင်လေးတို့ရဲ့ဒီလိုဖက်ရှင်လေးတွေနော်...

တချို့ကောင်မလေးတွေက ဆံပင်ရှည်ရှည်နဲ့ ကောင်လေးတွေကိုကြွေလေ့ရှိကြပါတယ်။ အဓိက ကတော့ ဆံပင်ရှည်ရှည်လေးနဲ့ ဖက်ရှင်ကျကျဝတ်တဲ့ ကောင်လေးတွေကို အရမ်းကြွေကြတာပါ။ တချို့ကောင်လေးတွေဆိုရင်လည်း ဆံပင်အရှည်ထားရတာကို နှစ်သက်ကြတယ်လေ..။ ဒီတော့ တချို့ကောင်မလေးတွေကြွေတဲ့ boy fashion လေးတွေက ဘယ်လိုတွေလဲဆိုတာကို လေ့လာရင်းနဲ့ သင်ကိုယ်တိုင်လည်း ဆံပင်ရှည်တဲ့သူတစ်ယောက်ဆိုရင် ဒီလိုဖက်ရှင်လေးတွေဝတ်ပြီး ရှိုးထုတ်လို့ရတာပေါ့...။

 ၁။ ရိုးရိုးတီရှပ်လေးကို ဒီလိုဘောင်းဘီအဖြူလေးနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးလိုက်ရင်ပဲ စတိုင်လ်ကျနေပါပြီ...။ ဒါက ဆံပင်ရှည်တဲ့ကောင်လေးတွေရဲ့ အားသာချက်လို့ပြောရမှာပေါ့...။

 ၂။ အခုကဆောင်းတွင်းဆိုတော့ ဒီလို Hoodie လေးကို ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးလိုက်လို့ ရတာပေါ့...။ ဆံပင်ရှည်ရှည်နဲ့ ဒီလိုပုံစံလေးဝတ်လိုက်ရင်တော့  အရမ်းမိုက်သွားမှာပါ။

 ၃။ ဒီလိုဖက်ရှင်လေးကတော့ ကောင်မလေးတိုင်းလိုလိုသဘောကျကြတဲ့ဖက်ရှင်လေးပါ။ ယောင်္ကျားလေးတစ်ယောက်က ဒီလိုလေးဝတ်လိုက်ရင် အရမ်းကိုသန့်ပြန့်သွားတာတော့ အမှန်ပါပဲနော်..။

၄။ ဒီလိုဖက်ရှင်မျိုးကိုတော့ free style ဖက်ရှင်လို့ပြောရမှာပါ...။ လူငယ်ဆန်ပြီး ဆံပင်အရှည်နဲ့ မိုက်တဲ့ပုံလေးဆိုတော့ ကောင်မလေးတွေလည်း သဘောကျတဲ့ဖက်ရှင်လေးဖြစ်သလို၊ သင်ကိုယ်တိုင်လည်း ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိစေမယ့် ဖက်ရှင်လေးပါ။

 ၅။ ဒီဖက်ရှင်လေးဆိုရင်လည်း ဝတ်ရတာအရမ်းကို ပေါ့ပေါ့ပါးပါးရှိစေတယ်နော်...။ ဆံပင်ရှည်တဲ့ကောင်လေးတွေနဲ့ ပိုလိုက်ဖက်တဲ့ဖက်ရှင်လေးပေါ့...။

 ၆။ ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ နောက်ထပ်ဖက်ရှင်လေးကိုပြပါဆိုရင်တော့ ဒီဆွယ်တာဖက်ရှင်လေးကို ပြရမှာပါ...။ ဆံပင်အရှည်နဲ့ ဒီလိုဆွယ်တာလေးကို ဝတ်လိုက်ရင်တော့ ဆွဲဆောင်မှုပိုရှိစေတယ်လို့ မြင်ပါတယ်။

 ၇။ ဆံပင်အရှည်နဲ့ ဒီလို all black တွေဝတ်ပြီး bomber လေးနဲ့ ရှိုးထုတ်လို့ရတယ်နော်...။ စတိုင်လ်ကျပြီး အရမ်းမိုက်တဲ့ပုံပေါက်စေလို့ ကောင်မလေးတွေကြွေမှာ အမှန်ပဲနော်...။

 ၈။ ဒီလိုဆံပင်အရှည်လေးနဲ့ အင်္ကျီလက်ရှည်အမဲရောင်လေးကိုဝတ်တာမျိုးက မိန်းကလေးတိုင်း ကြွေတဲ့ဖက်ရှင်လေးပါ...။

 ၉။ တစ်ခါတစ်လေမှာ ဒီလိုဖက်ရှင်မျိုးဝတ်ပြီးတော့လည်း ရှိုးထုတ်လို့ရသေးတယ်နော်...။ အရမ်းမိုက်တဲ့ဖက်ရှင်လေးလို့ ပြောရမှာပါပဲ...။

 ၁၀။ တီရှပ်အဖြူလေးကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်ပြီး ဒီလိုမျက်မှန်အဝိုင်းလေးတပ်လိုက်ရင်တော့ သူများနဲ့မတူပဲ အရမ်းကိုမိုက်သွားမှာနော်...။

 အခုဖော်ပြပေးလိုက်တဲ့ဖက်ရှင်လေးတွေကိုကြည့်ပြီး သင်ကဆံရှည်ကောင်လေးဆိုရင် ဒီလိုဖက်ရှင်လေးတွေကိုကြည့်ပြီး အိုင်ဒီယာယူလို့ရတာပေါ့...။ ဒီတော့ သင့်သူငယ်ချင်းတွေထဲမှာ ဆံရှည်ကောင်လေးတွေရှိရင်လည်း mention ခေါ်ပြီးပြလိုက်အုံးနော်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။