ပုန်းရည်ကြီးထမင်းသုပ် ကောင်းကောင်းလေးလုပ်စားမယ်


ဒီတစ်ခေါက်မှာလည်း ပုန်းရည်ကြီး ကြိုက်တဲ့ ချစ်သူတွေ အတွက် ပုန်းရည်ကြီး ထမင်းသုပ်လုပ်နည်းလေးကို ပြောပြပေးပါ့မယ်။ လုပ်ရတာကလည်း လွယ်လွယ်လေးဆိုတော့ အဆင်ပြေတယ်နော်။ ဒီတော့ ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းလေးတွေကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ပုန်းရည်ကြီး ( ၁ ထုပ် )
၂. ကြက်သွန်နီ ( ၁ လုံး )
၃. ကြက်သွန်ဖြူ ( ၃ တက် )
၄. ပုဇွန်ခြောက် ( အနည်းငယ် )
၅. ဆား ( အနည်းငယ် )
၆. ဆီ ( မနည်းငယ် )
၇. ထမင်းအဖြူ ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ကြက်သွန်နီကို ပါးပါးလေးတွေ လှီးထားပါ။
၂. ကြက်သွန်ဖြူနဲ့ ပုဇွန်ခြောက်တို့ကို ညပ်နေအောင် ထောင်းထားပါ။
၃. ပုန်းရည်ကြီးကို ဇလုံတစ်ခုထဲ ထည့်ပြီး ဆီ၊ ဆား တို့ထည့်ကာ နယ်လိုက်ပါ။ ပြီးသွားရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်နဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီတို့ကို ထည့်ပြီးနယ်လိုက်ပါ။
၄. နယ်ပြီးသွားရင် ထမင်းဖြူကို ထည့်ပြီးနယ်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ပုန်းရည်ကြီးထမင်းသုပ်ကို ရရှိပါပြီနော်။ ထမင်းက ပူပူလေးဆိုရင် ပိုပြီးစားလို့ကောင်းတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။