ချစ်ဖို့ကောင်းတဲ့ ရာသီဖွားပုံ Tattoo လေးများ

     အခုနောက်ပိုင်းမှာ တက်တူးထိုးတာကလည်း ဖက်ရှင်တစ်ခုလိုမျိုးဖြစ်လာပါပြီ…။ ခေတ်မှီလာတော့ ဒီဇိုင်းတွေကလည်းပိုလှပြီး သပ်ရပ်မှုရှိလာတာကို မြင်တွေ့ရပါတယ်…။ ယောက်ျားလေးတွေပဲ တက်တူးထိုးကျတာမဟုတ်ပဲ မိန်းကလေးတွေမှာလည်း ဖက်ရှင်တစ်ခုလိုမျိူး ထိုးလာပါတယ်…။ အခုမှ တက်တူးစထိုးမယ့်သူတွေ တက်တူးအသစ်ထိုးမယ့်သူတွေအတွက် အခုခေတ်စားနေတဲ့ တက်တူးသေးသေးလေးတွေကို ထိုးမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်…။ တက်တူးသေးသေးလေးတွေကိုထိုးတာက ချစ်စရာကောင်းပြီး အရမ်းလည်းမရိုင်းတာကြောင့် မိန်းကလေးတွေနဲ့လည်း အဆင်ပြေစေမှာပါ…။ တက်တူးသေးသေးလေးတွေမှာမှ ရာသီဖွားအတိုင်းထိုးလို့ရတဲ့ တက်တူးဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။

- Aries (March 21 to April 19)

လက်ချောင်းလေးတွေမှာ တက်တူးထိုးတာကလည်း အခုနောက်ပိုင်းမှာတော်တော်လေးကို ခေတ်စားလာပါတယ်…။ ချစ်စရာလည်းကောင်းပြီး ကိုယ့်ရဲ့ရာသီဖွားပုံလေးကို လက်ချောင်းလေးမှာ ထိုးမယ်ဆိုရင်တော့ ချစ်စရာကောင်းပြီးဖက်ရှင်လည်းကျမှာပါ…။

- Taurus (April 20 to May 20)

ဒီရာသီဖွားတွေကတော့ ပန်းပုံလေးတွေထိုးမယ်ဆိုရင်တော့ ပိုပြီးတော့လှပါတယ်…။ ပန်းပုံလေးတွေကိုမှာ သေးသေးလေးနဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေဆိုတော့ ကောင်မလေးတွေနဲ့လည်း လိုက်ဖက်တာပေါ့…။

- Gemini (May 21 to June 20)

ဒီရာသီဖွားတွေအတွက်ကတော့ ရိုးရှင်းတဲ့ပုံစံလေးထိုးလို့အဆင်ပြေပါတယ်…။ ခြေထောက်တွေ လက်တွေနဲ့ နားနောက်လေးတွေမှာ ထိုးထားရင်တောင်ချစ်စရာကောင်းပါတယ်…။ ရောမအက္ခရာနဲ့လည်း ဆင်တာကြောင့် ကြည့်လို့ကောင်းတဲ့ ပုံစံလေးပါပဲနော်…။

- Cancer (June 21 to July 22)

ပန်းပုံစံလေးကို ဆန်းသစ်ပြီးပုံဖော်ချင်ရင်လည်း ရသလို အရွယ်အစားသေးသေးလေးထိုးမယ်ဆိုရင်လည်း တစ်မျိုးလေးဆွဲဆောင်မှုရှိပါတယ်…။

- Leo (July 23 to August 22)

Leo ဆိုတော့ ခြ င်္သေ့ပုံလေးထိုးရင်လည်းရသလို ရာသီဖွားသင်္ကေတလေးထိုးမယ်ဆိုရင်လည်း ရပါတယ်…။

- Virgo (August 23 to September 22)

ရာသီဖွားဒီဇိုင်းလေးတွေထိုးတာဆိုတော့ ရိုးရှင်းတာလေးတွေကအကောင်းဆုံးပဲလေ…။

- Libra (September 23 to October 22)

ဒီဒီဇိုင်းလေးတွေကလည်း တစ်မျိုးလေးဆန်းသစ်နေပါတယ်…။

- Scorpio (September 23 to November 21)

Scorpio ပုံလေးတွေလည်း ဆွဲလို့ရသလို ရိုးရိုးပုံလေးတွေကိုလည်း ဆွဲလို့ရပါတယ်…။

- Sagittarius (November 22 to December 21)

ဒီရာသီဖွားတွေအတွက်ကတော့ မျှားပုံတက်တူးလေးတွေကလည်း လိုက်ဖက်မှုရှိပါတယ်…။

- Capricorn (December 22 to January 19)

ရေလှိုင်းပုံလေးတွေဆွဲလို့လည်းရသလို တောင်တန်းပုံလေးတွေကိုလည်း ဆွဲလို့ရပါတယ်…။

- Pisces (February 19 to March 20)

ဒီရာသီဖွားတွေကတော့ ငါးနှစ်ကောင်ပုံစံမျိုးလေးဆွဲမယ်ဆိုရင်တော့ ပိုပြီးဆန်းသစ်နေမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။