အရင်ကထက်လှပဖို့ သဘာဝဖျော်ရည်တွေသောက်ကြစို့

စိုပြေပြီး ကြည်လင်တဲ့အသားအရေကို မိန်းကလေးတိုင်းက နှစ်ခြိုက်ကြပြီး လှသထက်လှစေဖို့လည်း အမြဲစဉ်းစားနေတတ်ကြမှာပေါ့...။ ဆေးဝါးတွေသုံးစွဲစရာမလိုဘဲနဲ့ အလွယ်တကူအိမ်မှာနေပြီး အသားအရေလှအောင်လုပ်နိုင်တဲ့ နည်းလမ်းကတော့ သစ်သီးဖျော်ရည်သောက်တာပါပဲ...။ ဖျော်ရတာလည်းလွယ်ကူပြီးတော့ အသီးဖျော်ရည်ဆိုရင် မိန်းကလေးတိုင်းလိုလို ကြိုက်ပြီးသားပါ...။ ဒါဆို အခုပြောပြပေးမယ့် နည်းလမ်းလေးတွေကို အိမ်မှာနေရင်း လုပ်ကြည့်ရအောင်နော်...။

အရင်ဦးဆုံး အသီးအနှံတွေကို မကြိတ်မှီ ဆားရေစိမ်ပြီး ရေပြောင်အောင်ဆေးကြောပါမယ်။ ရေပြောင်အောင်ဆေးကြော သန့်စင်ပြီးပြီဆိုရင် အသီးတွေကို ကြိတ်စက်ထဲသို့ ထည့်ပြီး ကြိတ်လိုက်ပါ့မယ်။  ကြိတ်လိုက်လို့ ရရှိလာတဲ့ အသီးအနှစ်တွေကို သန့်စင်တဲ့ ရေစစ်ထဲထည့်ပြီး အရည်ညှစ်ပေးရပါမယ်...။ ရလာတဲ့ သဘာဝအရည်တွေကို သကြား၊ နို့ဆီတွေ မရောဘဲနဲ့ ဖြစ်နိုင်ရင် မနက်တိုင်း ပုံမှန်သောက်သုံးပေးသင့်ပါတယ်...။ လတ်ဆက်တဲ့အသီးတိုင်းကို ကြိုက်နှစ်သက်သလို ဖျော်သောက်လို့ရပေမယ့် ပိုပြီးအစွမ်းထက်တဲ့ ဖျော်ရည် (၃) မျိုးကို ပြောပြပေးပါမယ်...။

မုန်လာဥနီ

အာလူး

ဆန်းကစ်သီး

တချို့အသီးတွေကို အရည်ညှစ်ပြီးသောက်တဲ့အခါမှာ အနံ့က စိမ်းရွှင်ရွှင်နဲ့ သောက်ရတာ မကောင်းသလိုဖြစ်တတ်ပါတယ်..။ အသီးတွေကို အရည်ညှစ်ပြီးမသောက်ချင်တဲ့ သူတွေအတွက် တခြားနည်းလမ်းကတော့ ပင်ကိုချိုပြီးသားအသီးကို ဖျော်ရည်ပုံစံလုပ်ပြီးသောက်တာပါပဲ...။
(ဥပမာ - ထောပတ်သီး၊ စတော်ဘယ်ရီသီး)

ထောပတ်သီး

စတော်ဘယ်ရီသီး

အသီးကတော့ ကိုယ်နှစ်ရာ အသီးကို ဖျော်သောက်လို့ ရတာပေါ့နော်။ ဒါပေမယ့်  အခုပြောပြတဲ့ အသီးတွေက ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရတဲ့ အသီးတွေဖြစ်သလို ကျန်းမာရေးအတွက်ကလည်း ဒီအသီးတွေက ပိုပြီးအကျိုးသက်ရောက်မှုရှိလို့ပါ။ အသီးကလည်း ငါးမျိုးပဲဆိုတော့ မှတ်ရတာလည်းလွယ်တာပေါ့နော်။

 ဒီဖျော်ရည် (၅) မျိုးကို သောက်ပေးခြင်းဖြင့် အသားအရေကအချိန်တိုအတွင်း ဖြူဝင်းလာမှာဖြစ်ပြီးတော့ လုပ်ပုံလုပ်နည်းကလည်းလွယ်ကူတဲ့အပြင် ပိုက်ဆံကုန်လည်းသက်သာတယ်လေနော်...။ အသားဖြူဆေးသောက်ဆေးတွေ၊ လိမ်းဆေးတွေ၊ ထိုးဆေးတွေက ကြာရင်ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ဒီလိုသဘာဝနည်းလမ်းလေးနဲ့ပဲ အသားအရေကို ထိန်းသိမ်းကြပါလို့ ပျိုမေအားလုံးအတွက် အကြံပေးလိုက်ပါတယ်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။