Celebrities တွေ၀တ်တဲ့အမိုက်စား ရေကူးဝတ်စုံ(၇)မျိုး။

     Celebrities တွေကတော့ ရေကူးဝတ်စုံတွေကိုတောင်မှာ သူများနဲ့မတူတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ ဝတ်ဆင်ကြတာများပါတယ်…။ သူတို့တွေ ဘယ်လိုရေကူးဝတ်စုံမျိုးတွေဝတ်ဆင်သလဲဆိုတာ အားလုံးလဲသိချင်ကြမယ်လို့ ထင်ပါတယ်နော်…။ အရင်ကလို Two piece တွေမဟုတ်တော့ပဲ…၊ One Piece တွေဝတ်လာကြပါတယ်....။ ဒါကြောင့် ဘယ်လိုလန်းတဲ့ ဒီဇိုင်းမျိုးတွေဝတ်ဆင်နေသလဲဆိုတာ ကြည့်ကြရအောင်…။

    
(၁) Britney Spears
Britney Spears ကတော့ အစိမ်းရောင် Neon Colour ကိုဝတ်ဆင်ထားပါတယ်…။ ဘေးဘက်တွေအကုန်လုံးကို ကြိုးတွေနဲ့ပဲ ဒီဇိုင်းလုပ်ထားပါတယ်…။ အရောင်တောက်တောက်ကြောင့် ပိုပြီးဆွဲဆောင်မှုရှိသွားစေပါတယ်…။

 
(၂) Kourtney Kardashian
Kourtney Kardashian ဝတ်ဆင်ထားတာကတော့ မြင်တွေ့ရတဲ့အတိုင်း အနီရောင် Two Piece ကိုမှ  ရင်သားတွေကိုအပြည့်မဝတ်ပဲ အောက်ကိုချထားတဲ့ပုံစံ ဝတ်ဆင်ထားတာတွေ့ရပါတယ်…။

    
(၃) Kim Kardashian
Kim Kardashian ရဲ့နှင်းတောထဲက Two Piece ဖက်ရှင်ပါ…။ သူမဝတ်ထားတဲ့ Two Piece ကတော့ သားမွေးတွေနဲ့ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်…။ နှင်းတောထဲမှာ ဘယ်သူမှတော့ Two Piece ဝတ်မနေပါဘူး…။

    
(၄) Gigi Hadid
ကဲ… ဒီတစ်ခါမှာတော့ Gigi Hadid တစ်ယောက်က သံကြိုးတွေနဲ့ ဝတ်စုံကိုဝတ်ဆင်ထားပါတယ်…။ ထူးခြားပြီးလှပနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်နော်…။

    
(၅)  Nicki Minaj
Nicki Minaj ကတော့ ဒေါက်ဖိနပ်ပုံတွေကို ရိုက်နှိပ်ထားတဲ့ ရေကူးဝတ်စုံကိုဝတ်ဆင်ပြီး အပေါ်ကနေ သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားတာကိုတွေ့ရမှာပါနော်…။

(၆)  Emily Ratajkowski
Emily Ratajkowski ဝတ်ဆင်ထားတာကတော့ ဘေးဘက်တွေကို ဖြတ်ထုတ်ထားတဲ့ One Piece လေးပါ…။ ရိုးရိုးလေးနဲ့ကြည့်လို့ကောင်းနေစေတဲ့ ပုံစံမျိုးလေးပဲဖြစ်ပါတယ်…။

    
(၇)  Kylie Jenner
Kylie Jenner ဝတ်ဆင်ထားတာကတော့ ကြိုးတွေနဲ့ချိတ်ဆက်ထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်…။

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။