ပိုင်ရှင်ရဲ့ အမှားကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ရတဲ့ တောင်ကိုရီးယားမှ မီးလောင်မှု

မကြာသေးခင်ရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ Jecheon မြို့နယ်မှာရှိတဲ့ Fitness center တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြပါတယ်... စိတ်မကောင်းစရာ သတင်းတစ်ခုပါ...။ သေဆုံးသူ ၂၉ ဦးထဲမှာမှ လူ ၂၀ ဟာ အဆောက်အအုံရဲ့ ဒုတိယထပ်မှာရှိတဲ့ အများသုံး အမျိုးသမီးချွေးထုတ်ခန်းမှာ ပိတ်မိသေဆုံးခဲ့ကြတာ ဖြစ်ပါတယ်...။

မီးသတ်အဖွဲ့ရဲ့ ကြေညာချက်အရ Sauna ပိုင်ရှင်ရဲ့ အမှားကြောင့် ဖြစ်ခဲ့ရပါတယ်... မီးလောင်နေတဲ့အချိန် ချွေးထုတ်ခန်းရဲ့ အော်တိုအဖွင့်အပိတ်လုပ်တဲ့ တံခါးဟာ ပျက်သွားခဲ့ပြီး အထဲမှာ ပိတ်မိကုန်ကြတာပါ...။ အရေးပေါ်ထွက်ပေါက်ရဲ့ တံခါးရှေ့မှာ ဆိုင်ရဲ့ပစ္စည်းတွေ အပြည့်ဖြစ်နေပြီး ဆိုင်ရဲ့ စတိုခန်းတစ်ခုအနေနဲ့ အသုံးပြုတယ်လို့ သိခဲ့ရပါတယ်...။ အရေးပေါ်ထွက်ပေါက်ရှိရဲ့သားနဲ့ စည်းကမ်းမဲ့တဲ့ လုပ်ရပ်ကြောင့် အခုလို မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့နော်...။

သေဆုံးသွားသူများရဲ့ မိသားစုဝင်များက မီးသတ်တပ်ဖွဲ့ကို အပြစ်တင်ခဲ့ကြပြီး သူတို့သေချာမကယ်ခဲ့လို့... မီးသတ်တွေသာ ဒုတိယထပ်ရဲ့ ပြတင်းပေါက်တွေကို ဖျက်စီးပေးခဲ့မယ်ဆိုရင် အခုလို အမျိုးသမီးတွေ အများကြီး သေဆုံးမှာ မဟုတ်ဘူးလို့  ပြောဆိုခဲ့ကြပါတယ်...။ တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့မှာပဲ မီးသတ်ရဲ့ လူကယ်လှေကားက သေချာအလုပ်မလုပ်ခဲ့ပါဘူး... နှစ်မကုန်ခင်မှာပဲ စိတ်မကောင်းစရာ အတွေ့အကြုံနဲ့ ကြုံတွေ့ခဲ့ရတာပေါ့... အားလုံးအတွက် စိတ်မကောင်း ဖြစ်ရပါတယ်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။