Festival ပွဲမှာ လန်းနိုင်ဖို့ အလန်းဇယား Makeup

အခုနောက်ပိုင်းမှာ festival ပွဲတွေ အရမ်းများလာတာနဲ့အတူ သွားတဲ့သူတွေကလည်း ပိုပိုများလာတယ်လေ... ။ ဒီလို festival ပွဲတွေသွားတော့မယ်ဆိုရင် သူများတွေပြင်ဆင်ပြီးသွားနေချိန်မှာ ကိုယ်ကလည်း festival ပွဲနဲ့ လိုက်ဖက်မှုရှိစေမယ့် makeup look လေးတော့ ပြင်ဆင်တတ်ဖို့လိုတာပေါ့... ။ ဒါကြောင့် ပျိုမေတို့အတွက် သူများနဲ့တန်းတူလှနေ၊ မိုက်နေစေဖို့ festival ပွဲနဲ့လိုက်ဖက်တဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးကို ပုံတွေနဲ့တစ်ဆင့်ချင်းစီ သေချာလေးဖော်ပြပေးလိုက်တယ်နော်... ။

၁။ ပထမဆုံးအနေနဲ့ NYX က Jumbo Eye Pencil Milk ကိုသုံးပြီး ပုံမှာပြထားတဲ့အတိုင်း မျက်ခွံပေါ်နဲ့ ပြထားတဲ့ ထောင့်နေရာလေးတွေမှာ ခြယ်ပေးပါ။

၂။ သင်ကြိုက်နှစ်သက်ရာတံဆိပ်ကိုရွေးချယ်ပြီး eyeshadow ပန်းရောင်လေးကို ပုံမှာပြထားတဲ့အတိုင်း ခြယ်ပေးပါ။

၃။ eyeshadow အညိုရောင်ကိုယူပြီး ပုံမှာပြထားတဲ့နေရာလေးတွေမှာ ခြယ်ပေးရပါမယ်။

၄။ ရွှေရောင်ဘက်သွားတဲ့ eyeshadow ကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း အပေါ်အောက် သေချာခြယ်ပေးပါ။ ပြီးတာနဲ့ ခြယ်ထားတဲ့နေရာတွေကို brush နဲ့ လိုက်ပွတ်ပေးပါ။

၅။ Eyeliner အရည်ကို အသုံးပြုပြီး ပုံမှာပြထားတဲ့အတိုင်း ဆွဲပေးရပါမယ်။

၆။ NYX က Jumbo Eye Pencil Milk ကိုအသုံးပြုပြီး မျက်လုံးအောက်နားလေးမှာ ခြယ်ပေးရပါမယ်။

၇။ အပေါ်အောက်ကို mascara နဲ့မျက်တောင်ကော့ပြီး မျက်တောင်တုတပ်ပေးပါ။ ပြီးရင် mascara နဲ့ ထပ်ကော့ပေးပါ။

၈။ အညိုရောင် brush (သို့) eyeshadow ကိုယူပြီး ပုံမှာပြထားတဲ့နေရာအတိုင်း မေးရိုးဖော်ပေးပါ။ အဲ့ဒါလေးကိုပဲ brush အသေးလေးနဲ့ယူပြီး နှာတံဖော်ပေးပါ။

၉။ ပန်းရောင်ပါးနီကိုသုံးပြီး ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးပါ။

၁၀။ NYX က Soft Matte Lip Cream Istanbul လေးနဲ့ နှုတ်ခမ်းနီးဆိုးပါ။ ဆိုးပြီးတာနဲ့ NYX က Liquid Suede Stone Fox ကို ထပ်ပြီးဆိုးပေးပါ။

ဒါဆိုရင်တော့ festival ပွဲတွေနဲ့လိုက်ဖက်မှုရှိတဲ့ အမိုက်စား makeup look လေးကို ရရှိသွားပါပြီ။ ဒီ makeup look ထဲမှာ အဓိကအကျဆုံးကတော့ နောက်ဆုံးမှာဆိုးသွားတဲ့ နှုတ်ခမ်းနီအရောင်လေးကအသက်ပါပဲ...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။