ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတဲ့ Song Song Couple

Descendants of the Sun ဇာတ်လမ်းတွဲထဲမှာ အရမ်းလိုက်ဖက်လွန်းလို့ ပရိသတ်ကသဘောတူထားပြီး Song Song Couple လို့လူသိများတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့နှစ်ဦးဟာ အခုလာမယ့် အောက်တိုဘာ 31 ရက်နေ့မှာ လက်ထပ်ကြတော့မယ်လို့ကြေငြာလိုက်ပါပြီ…။


မီဒီယာတွေက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီလားဆိုတာ အသည်းအသန်လိုက်နေခဲ့ပေမယ့် ချစ်သူဖြစ်တဲ့သတင်းမထွက်ခဲ့ပဲ လုံးဝမျှော်လင့်မထားတဲ့ လက်ထပ်တော့မယ့်သတင်းကို သူတို့နှစ်ယောက်က ထုတ်ပြောလိုက်တာပါ…။ တကယ်တော့ သူတို့နှစ်ဦးဟာ အဆိုပါဇာတ်လမ်းတွဲ မရိုက်ခင် 2015 ဖေဖော်ဝါရီလတည်းက တွဲနေကြတာပါတဲ့…။ ဒါ့ကြောင့်မလို့ ဇာတ်လမ်းထဲမှာ အရမ်းအသက်ဝင်ပြီး ပရိသတ်တွေကပါ သဘောတူချင်လောက်တဲ့အထိ ဖြစ်သွားတာပေါ့…။


သူတို့နှစ်ဦးတွဲမြင်လိုက်ရရင်ကို စိတ်ထဲမှာ အရမ်း Romantic ဖြစ်နေသလိုခံစားမိတယ်ဟုတ်…။ အပြင်မှာလည်း တကယ်ကို အတွဲညီပြီးချစ်စရာကောင်းတဲ့စုံတွဲပါပဲ…ဘာလို့လဲဆိုတော့ Hye Kyo ရဲ့ ရိုက်ကွင်းကို Joong Ki က ရောက်လာပြီး မုန့်တွေနဲ့ Surprise လုပ်ခဲ့ပါတယ်တဲ့…။


ကိုယ့်ထက်အသက်လည်းငယ်၊ ရုပ်လည်းချော၊ အောင်မြင်နေတဲ့မင်းသားတစ်ဦးဖြစ်တဲ့အပြင် ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးကို ချစ်သူတော်ထားရပြီး အခုဆို အပိုင်ရတော့မယ့် Song Hye Kyo ကို အားကျမယ့်သူတွေရှိမယ်ထင်တယ်နော်…။


သူတို့နှစ်ဦးလုံးဟာ ပရိသတ်ရှေ့မှာ အဖြစ်မှန်ကိုဖုံးကွယ်ဖို့ ဘယ်တုန်းကမှ အပြင်းအထန်မကြိုးစားခဲ့ပါဘူးတဲ့…။ မီဒီယာတွေဖော်လိုက်မှ ဝန်ခံလိုက်ရတာမျိုးကို နှစ်ယောက်လုံးကမဖြစ်ချင်ကြလို့ အခုလို လက်ထပ်တော့မယ့်အကြောင်း ပရိသတ်ကို ဖွင့်ပြောလိုက်ကြပုံပါပဲ…။ သူတို့စုံတွဲဟာ မကြာသေးခင်ကမှ ဘာလီကျွန်းကို အတူတူသွားခဲ့ကြပြီး အပန်းဖြေခဲ့ကြပါသေးတယ်…။


ကဲ..ပရိသတ်ကြီးလည်းသဘောတူတယ်ဟုတ်…။