နယ်ပယ်အသီးသီးမှာအောင်မြင်ပြီး တမူထူးခြားတဲ့အသားအရေကိုပိုင်ဆိုင်ထားတဲ့ သူ (၅) ဦး

ကျွန်တော်တို့တွေဟာ လူတိုင်းမတူညီနိုင်တဲ့အလှတရားတွေ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာပေါ်မှာ နေထိုင်ကြပါတယ်။
အသားအရေကြောင့်၊ ရုပ်ရည်ကြောင့် စသဖြင့်အရာတွေ ကွဲပြားသွားကြပါတယ်။ No One Is Perfect ဆိုတဲ့အတိုင်း ဘယ်သူကမှ ပြီးပြည့်စုံတဲ့လူဆိုတာမရှိပါဘူး။ အားနည်းချက်ရှိသလို အားသာချက်လည်း ကိုယ်စီရှိကြပါတယ်။ အရေးကြီးဆုံးကတော့ Be Yourself ပေါ့။ ကိုယ့်ကိုယ်ကိုလက်ခံတတ်ဖို့အရေးကြီးပါတယ်။ ကိုယ်ဘာပဲ ဘယ်လိုဖြစ်နေပါစေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ယုံကြည်မှုဆိုတာ အောင်မြင်မှုရဲ့ နိဒါန်းဆိုလည်းမမှားပါဘူး။
Beauty Industry မှာ လူအများအကြိုက်တွေ့စေတဲ့အပြင် နယ်ပယ်အသီးသီးမှာ အောင်မြင်နေပြီး ပြိုင်ဘက်ကင်းတဲ့အသားအရေကိုပိုင်ဆိုင်ထားတဲ့သူ (၅) ဦးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

Khoudia Diop


အသက် ၁၉ နှစ်ရှိပြီးဖြစ်တဲ့ Khoudia Diop ဟာ အနောက် အာဖရိကရဲ့ မြို့တစ်ခုဖြစ်တဲ့ Senegal မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ “Melanin Goddess” ဟု တင်စားခြင်ခံရတဲ့ သူမ ဟာ Instagram မှာ Followers 5 သိန်းကျော်ရှိပါတယ်။ သူမဟာ Stereotype မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ပြင် အညိုစင် အသားရေပိုင်ဆိုင်ထားတဲ့သူတွေအတွက် စံပြထားခြင်းခံရတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။


Winnie Harlow


ကနေဒါနိုင်ငံသူ Winnie Harlow ဟာ America’s Next Top Model Cycle 21st မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ ထင်ပေါ်ကျော်ကြားလာတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အသားအရေဟာ တခြားမော်ဒယ်တွေနဲ့ မတူညီပေမယ့် (တစ်နည်းအားဖြင့် ခရုသင်းစွဲနေပါတယ်) မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိတဲ့အတွက်ကြောင့် အခုဆိုရင် သူမဟာ မော်ဒယ်လ်လောကရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်နေပါပြီ။


Stephen Thompson


နာမည်ကျော် လူကြိုက်များတဲ့ Men’s Fashion မော်ဒယ်လ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူ စိတ်ကူးခဲ့ဖူးပါတယ်။ ဒါပေမယ့် လူတိုင်းဟာ စိတ်ကူးနဲ့လက်တွေ့ထပ်တူကျဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သူဟာ အရေပြားခရုသင်းစွဲနေတဲ့သူတစ်ဦးဖြစ်ပေမယ့် မော်ဒယ်လ်ဖြစ်နိုင်မယ့် ဘယ်အခွင့်အရေးကိုမဆို သူ အဆုံးအရှုံးမခံခဲ့ပါဘူး။ အခွင့်အရေးရရင် ရသလို ကြိုးစားခဲ့ပါတယ်။ ဓာတ်ပုံဆရာတစ်ယောက်နဲ့ အလုပ်စလုပ်ပြီးကတည်းက သူဟာ နောက်လှည့်ခြင်းမရှိပဲ သူဖြစ်ချင်တဲ့ မော်ဒယ်လ်ကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တယ်။ ဒီနေ့ဟာဆိုရင် Stephen Thompson တစ်ယောက် နာမည်ကျော် Fashion မဂ္ဂဇင်း မော်ဒယ်လ်တစ်ယောက်အပြင် Runway ရှိုးမှာလည်း နာမည်ရလာတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။


Nastya Zhidkova


Nastya ဟာ ရုရှားနိုင်ငံသူတစ်ဦးဖြစ်ပြီး Albino မော်ဒယ်လ်တစ်ဦးလည်းဖြစ်ပါတယ်။ Albino ဆိုတာ မွေးရာပါ ဆံပင်၊ အသားရောင် ဖြူဆွတ်၍ မျက်နက် ပန်းရောင်ရှိသော လူတွေကိုပြောခြင်းဖြစ်ပါတယ်။ သူမဟာ Albino မော်ဒယ်တွေထဲက အလှဆုံးတစ်ဦးဖြစ်ပြီး Fashion ပိုင်းမှာ မျက်နှာအနေအထားဟာ စွဲဆောင်မှုရှိတဲ့အပြင် ရုရှား နဲ့ ဂျပန် Fashion နယ်ပယ်မှာလည်း လူကြိုက်များတဲ့ သူတစ်ဦးဖြစ်ပါတယ်။


Lola Chuil


L.A မှာ အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ Lola Chuil ဟာ မွေးရာပါအသားအရေကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အသားအရေ အရောင် နဲ့ အပြစ်ပြောစရာတစ်ကွက်မရှိလောက်တဲ့ သဘာဝအလှတရားကြောင့် Instagram မှာ Followers 5 သိန်းကျော် ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်တဲ့အပြင် စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Naomi Campbell နဲ့လည်း နှိုင်းယှဉ်ခြင်းခံရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ တမူးထူးခြားတဲ့ အကြည့်တွေဟာ အရမ်းကို Hot ဖြစ်ပါတယ်။


သူတို့တွေဟာ တမူထူးခြားတဲ့ အသားအရေကိုပိုင်ဆိုင်ထားကြတဲ့သူတွေပဲဖြစ်ကြပါတယ်။ သူတို့စီမှာ ယုံကြည်မှုကိုယ်စီရှိကြတဲ့အတွက် နယ်ပယ်အသီးသီးမှာအောင်မြင်လာကြတာပါ။ ဒါကြောင့်မို့လို့ သင်လည်း သင်ပိုင်ဆိုင်ထားတဲ့ ဘယ်လို အသားအရေမျိုးကိုမဆို သင့်ကိုယ်သင် လက်ခံလိုက်ပါ။ ဂုဏ်ယူလိုက်ပါ လို့ပြောချင်ပါတယ်။