ဦးဝတုတ်ရဲ့ဒုက္ခအိုး

Uncle Fatty

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Damnoen Saduak ရေပေါ်စျေးနားက မျောက်ကြီးတစ်ကောင်ကို အာဏာပိုင်တွေမျက်စိစပါးမွှေးစူးနေတာကြာပြီထင်ရဲ့ …။ ခရီးသွားတွေ၊ တိုးရစ်တွေ၊ ဧည့်သည်တွေစားပြီးကျန်ခဲ့တဲ့ အစားအသောက်တွေ၊ အနီးအနားဆိုင်တွေက ကျွေးမွေးတဲ့ ဟင်းသီးဟင်းရွက်အနွမ်းအဖတ်တွေ၊ အစားအသောက်အကပ်အကျန်တွေ ကိုစားသောက်ပြီးတဲ့ သကာလမှာတော့ အနှီကိုယ်တော်ချောမျောက်ကြီးလည်း အဆီပိတ်ပြီးဝတုတ်လာခဲ့တယ်။ ကိုယ်တော်ချောက ဝသာဝတယ် လိုက်ဖမ်းတော့ မှုန်နေအောင်ပြေးတတ်တယ်ဆိုပဲ။ အဲဒီတော့ မေ့ဆေးမြှားနဲ့ပစ်ဖမ်း  အိပ်မောကျသွားတဲ့အခါကျမှ နခွန်နယော့တ် ခရိုင်ကတောတွင်းတိရစ္ဆာန်ကယ်ဆယ်ရေးစခန်းကိုပို့လိုက်တာဖြစ်ပါတယ်။ အဲဒီမှာအဝလွန်နေတဲ့တိရစ္ဆာန်တွေအတွက်သီးသန့် weight ချဖို့ Camp တစ်ခုရှိပြီး သူ့အနေနဲ့နေ့စဉ်နေ့တိုင်းပြေးလွှားလှုပ်ရှားနေရမဲ့ထရိန်နင်တွေအပြင် Diet Food တွေကိုပဲစားသောက်ရမှာဖြစ်တယ်လို့သိရပါတယ်။ သူ့နာမည်ကတော့ Uncle Fatty ( ဦးဝတုတ် ) လို့သိရပြီး ကိုယ်အလေးချိန်ကတော့ ၁၅ကီလို ရှိတယ်လို့ဆိုတယ်။ ဒီတော့ သာမန်မျောက်တွေရဲ့အလေးချိန် ၈ - ၁၀ ကီလိုထက်အများကြီးပိုနေတာပေါ့။

ဘာစားစရာတွေရှိလဲ လှမ်းငေး …